93

2.3K 491 6
                                    

၉၃။ ဇွန်ဘီအမဲလိုက်ခြင်း

ကမ်းစပ်သို့ပြန်ရောက်လာသည့်အခါ လင်းချင်းသည် အဝတ်ပြန်ဝတ်နေရင်း နယ်မြေလေးသို့ သွားလိုက်သည်။ သူမသည် အတွင်းခံအကျီမဝတ်ထားသော်လည်း ပြဿနာတော့မရှိပေ။ သူမ၏ရင်သားများသည် ဇွန်ဘီစားခံထားရပြီဖြစ်ရာ အတွင်းခံက လိုမနေတော့ပေ။ အစက ရင်သားကင်ဆာဖြစ်၍ ရင်သားဖြတ်ခံထားရသလိုမျိုး ခံစားနေရသော်လည်း နောက်တော့ အသားကျသွားသည်။ သူမ၏ကိုယ်အခြေအနေသည် ပိုဆိုးနိုင်စရာကို မရှိတော့ပေ။

နယ်မြေလေးသို့ သူမလျှောက်သွားသည့်အခါ ကလေးလေးသည် ထွက်လာသည်။ ကျွင်းကျွင်း၏ ခြေထောက်များအနောက်တွင် တွယ်ဖက်ထားစဉ်မှာ လင်းချင်းရောက်လာသည်ကို မြင်လိုက်သည်။ ထို့ကြောင့် ချက်ချင်းလှည့်ပြေးတော့သည်။ ကုတင်ပေါ်သို့ အမြန်တက်ကာ စောင်ကိုခေါင်းမြီးခြုံထားသည်။

လင်းချင်းသည် ထိုကလေးက သူမကို ကြောက်နေတာလား မကြိုက်တာလား ဆိုသည်ကို မသိတော့ပေ။ သူမသည် မြွေသားစွပ်ပြုပ်ချက်ကျွေးကာ စတော်ဘယ်ရီသီးများလည်း စားဖို့ပေးထားသည်။ သို့သော်လည်း သူမကို လုံးဝမကြည့်ရဲပေ။

' ငါကနေဖို့စားဖို့ ပေးထားတာတောင် ဒီလိုလုပ်နေတဲ့ ကျေးဇူးမသိတက်တဲ့ကလေး!'
သူမသည် စိတ်ထဲတွင် တွေးနေမိသည်မှာ
'အရူးလေး! ဝူယွဲ့လင်းလေးဆိုရင် ဒီမှာနေတုန်းက စတော်ဘယ်ရီသီးလောက်ပဲ စားရရှာတာ။ ဒါတောင်မှ ငါ့ကိုမကြောက်တဲ့အပြင် ကာကွယ်ပေးနေသေးတယ်။ နင်ကသူ့လိုမဟုတ်ဘူး။ စိတ်ပုပ်တဲ့ ကလေးစုတ်!'

ကျွင်းကျွင်းသည် သူမ၏သားကိုကြည့်ကာ ရယ်ချင်သွားသည်။ သို့သော်လည်း လင်းချင်းအား ရေကန်ထဲတွင် ထူးထူးဆန်းဆန်း ဘာလုပ်နေသလဲဟု မေးချင်သေးသည်။

လင်းချင်းသည် စာရွက်တွင် ရေးပြသည်မှာ
'အပြင်ထွက်ချင်လား?'

ကျွင်းကျွင်းသည် ကလေးကိုကြည့်လိုက်ပြီးနောက် အပြင်တွင် ဇွန်ဘီမလေးရှိသေးသည်ကို သတိရသွားသည်။ ထို့နောက် ခေါင်းကိုတွင်တွင်ခါလိုက်သည်။ လင်းချင်းက ထိုဇွန်ဘီမလေးသည် ဇွန်ဘီဘုရင်မဖြစ်ကြောင်း ပြောပြထားလေရာ ကျွင်းကျွင်းမှာ ပိုကြောက်နေရတော့သည်။ သူမသည် အလိုလိုကို ချူးလီလီကို ကြောက်နေရတာ ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now