35

2.4K 464 1
                                    

၃၅။ အောင်မြင်တဲ့ ကယ်ဆယ်ရေး

ရှဲ့တုန်းသည် သေနတ်ကိုကိုင်ကာ အဆင့်ငါးဇွန်ဘီကိုပစ်နေစဉ်တွင် ရုတ်တရပ်သူမူးဝေသွားကာ သူ့ရှေ့မှမြင်ကွင်းသည် ပြောင်းလဲသွားသည်။

'နံရံရှေ့ကဇွန်ဘီခေါင်းဆောင်နဲ့ အဆောက်အဦးက ပျောက်သွားတယ်! မြက်ခင်းစိမ်းတွေနဲ့ ရေကန်က ဘယ်ကနေ ရောက်လာတာလဲ?'

သူဘာဖြစ်နေသလဲကို မသိခင်တွင် ဘေးကိုကြည့်လိုက်သည့်အခါ သူနှင့်သိပ်မဝေးသည့်နေရာတွင် ရပ်နေသည့် သဏ္ဍာန်တစ်ခုကို တွေ့လေသည်။

'ဇွန်ဘီလား?'

ရှဲ့တုန်းသည် ခနလောက်ပဲကြောင်သွားကာ ထိုဇွန်ဘီအား ပစ်လိုက်သည်။

ဘန်း

ကျည်ဆန်က သူမဆီသို့ ပျံလာသည်ကို မြင်သည့်အခါ လင်းချင်းသည် လက်ကိုအေးဆေးဆန့်လိုက်ကာ ကျည်ဆန်ကို ဖမ်းလိုက်သည်။ သူမ၏အမြင်အရဆိုလျှင် ဒီကျည်ဆန်လာနှုန်းက အရမ်းနှေးလွန်းသည်။ ထို့ကြောင့် သူမသည် ကြည့်စရာကိုမလိုဘဲ ဖမ်းလိုက်နိုင်ခြင်း ဖြစ်သည်။

ရှဲ့တုန်းသည် အံ့သြလွန်း၍ ဆွံ့အသွားချေပြီ။ ဒီဇွန်ဘီမက သူ့ကျည်ဆန်ကို တကယ်ကြီး လက်နဲ့ဖမ်းလိုက်သည်။ ဒီဇွန်ဘီမက အရမ်းအစွမ်းထက်မည်ဆိုသည်ကို သူသိသော်လည်း ဘယ်အဆင့်အထိ ရောက်နေသလဲ ဆိုသည်ကိုတော့ သူမပြောနိုင်ပေ။

လင်းချင်းက ကျည်ဆန်ကို လွယ်လွယ်လေး ဖမ်းလိုက်သည်ကို မြင်လိုက်သည့်အခါ သူ့ရင်သည် လေးလံသွားသည်။ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည့်အခါ သီးသန့်နယ်မြေဖြစ်ကြောင်းကို ခန့်မှန်းမိလိုက်သည်။

'နေရာလွတ်အစွမ်းနဲ့ဇွန်ဘီ'

သူဒီအချက်ကို သေချာအောင် အတည်မပြုရသေးခင် ဇွန်ဘီမသည် သူ့အား မကြိုက်သည့်မျက်နှာထားဖြင့် ထိုကျည်ဆန်ဖြင့် ပြန်ပေါက်လိုက်သည်။ ထိုကျည်ဆန်သည် သူ့ခေါင်းကို ညင်သာစွာ ထိမှန်လာသည်။

:ဟင်? ဒီဇွန်ဘီမရဲ့ မျက်လုံးထဲက အထင်သေးတဲ့အရိပ်က ဘာလဲ? ဘယ်ကတည်းက ဇွန်ဘီတွေကလည်း လူတွေလို အမူအယာရှိလာတာလဲ?'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now