134

1.7K 325 1
                                    

၁၃၄။ အတူကယ်

‘ဟင်?’
လင်းချင်းရောက်လာချိန်တွင် တွင်းပေါက်ကြီးကို မြင်လိုက်ရသဖြင့် သူမနားမလည်နိုင် ဖြစ်သွားသည်။ သူမသည် နေကာမျက်မှန်ကို ချွတ်လိုက်ဖို့ လုပ်မိမလိုတောင် ဖြစ်သွားသည်။ သို့သော်လည်း အသိပြန်ဝင်ကာ မလုပ်တော့ဘဲ တွင်းပေါက်ဘက်ကိုသာ ငဲ့သာကြည့်လိုက်သည်။

“ကပ္ပတိန်ကြီး . . .ဟင်? ဒုခေါင်းဆောင်ယွမ်!”
သူများ၏အနောက်မှ ရောက်လာသည့် တူယွမ်ရှင်းသည် တွင်းပေါက်ကနေ ငုံကြည့်ရင်း လင်းဖန်ကို အော်ခေါ်သည်။ သို့သော်လည်း သူ့အရှေ့ကလူကို မြင်သည့်အခါ အပျော်များပြည့်သွားကာ အကျယ်ကြီးအော်ခေါ်တော့သည်။

“ဝမ်ဝမ်!”
လုံချင်းယင်သည် ရောက်လာသည်နှင့် အော်ခေါ်သည်။ ထို့နောက် တွင်းပေါက်သည် နှစ်မီတာလောက်သာ နိမ့်ကာ အထဲကလူများက အဆင်ပြေကြောင်း သိလိုက်ရသည်။ အချို့အမျိုးသမီးများသည် ဟန်ချက်မညီတော့သောကြောင့် ထိုင်ချနေသည်ကို သူမမြင်လိုက်ရသည်။

“ထန်ရှင်းပဲ!”
တွင်းပေါက်ထဲကလူများသည် ခေါင်းမော့ကြည့်သည့်အခါ အမျိုးသမီးလင်းက ယောက်ျားတစ်ယောက်ကို အရင်မြင်လိုက်သဖြင့် တအံ့တသြပြောသည်။

“ချင်းယင်! နင်လား!”
လင်းဝမ်ဝမ်က လုံချင်းယင်ကို မြင်သည့်အခါ ပြောသည်။

ထိုအချိန်တွင် လင်းချင်းသည် တွင်းထဲဆင်းချလိုက်သည်။ သူမဆင်းသည်ကို မြင်သည့်အခါ တွင်းထဲလူများသည် သူမကို ရန်လိုစွာ ကြည့်ကြသည်။

“နင်ကဘယ်သူလဲ?”
နေကာမျက်မှန်နဲ့လူတစ်ယောက် ခုန်ချလာသည်ကို မြင်သည့်အခါ လင်းဝမ်ဝမ်က မေးသည်။

“အင်း. . .သူက. . .ငါတို့သူ့နာမည် မသိရသေးဘူးပဲ”
တူယွမ်ရှင်းသည် လင်းချင်းက ဇွန်ဘီမှန်းသိသော်လည်း သူ့ကိုယ်သူ မိတ်ဆက်မပေးသေးတာကို အခုမှသိလိုက်သည်။ 

လင်းချင်းသည် သူမ၏မိသားစုရှေ့တွင် ရပ်နေကာ လင်းဖန်ကို စိတ်ပူစွာ ကြည့်နေသည်။ တူယွမ်ရှင်းပြောသည်ကို ကြားမှ တစ်ချက်မော့ကြည့်လိုက်သော်လည်း ဘာမှမတုံ့ပြန်ပေ။ ထို့နောက် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့လည်း ယောက်ျားတစ်ယောက်နှင့်အတူ တွင်းထဲသို့ ဆင်းလာသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now