163

1.8K 351 11
                                    

၁၆၃။ ထောင်ချောက်မိခဲ့တယ်

လင်းချင်းနှင့် ရှဲ့တုန်းတို့ ရုတ်တရက် ပျောက်သွားသည့်အခါ လူနှစ်ယောက်သည် အံ့သြတကြီးဖြင့် အချင်းချင်းကြည့်ကုန်ကြသည်။ သို့သော်လည်း သူတို့အံ့သြ၍မဆုံးသေးခင်တွင်ပဲ လင်းချင်းက ပြန်ပေါ်လာသည်။ သူမသည် လူသေအနားသို့လျှောက်သွားကာ ခေါင်းကိုကောက်ယူပြီးနောက် နယ်မြေထဲသို့ ပြန်ဝင်သွားသည်။ ထိုတစ်ချိန်လုံးတွင် သူတို့နှစ်ယောက်ကို လျစ်လျူရှုထားသည်။

ခုနတုန်းက သူမသည် ခေါင်းယူဖို့ကို မေ့သွား၍ ဖြစ်သည်။ သူမသတ်လိုက်သည့်သူက အဆင့်ငါးစွမ်းအားရှင်ဖြစ်ရာ အမြူတေသည် သူမအတွက် အကျိုးမရှိရင်တောင်မှ ကန်ထဲကနွယ်ပင်ကို အစာကျွေးရသည်။
'ငါမဖြုန်းတီးနိုင်ဘူး!'

သူမသည် ခေါင်းကိုယူ၍ နယ်မြေထဲသို့ ရောက်သည့်အခါ အမြူတေကို လက်ဖြင့်ခွဲထုတ်လိုက်၍ ကန်ထဲသို့ပစ်ချလိုက်သည်။ ထို့နောက် ခေါင်းကိုဘေးသို့ချလိုက်ကာ ကန်ထဲကရေကိုပုံးဖြင့်ခပ်၍ လက်ဆေးလိုက်သည်။ ထို့နောက်မှ သူမသည် ခုနကရထားသည့် ဇွန်ဘီအမြူတေတစ်ခုရှိသည်ကိုလည်း သတိရသွားလေရာ အိတ်ထဲကနေထုတ်၍ ကန်ထဲသို့ ပစ်ချလိုက်သည်။

ကျွင်းကျွင်းသည် ဒီနေရာတွင် ဟင်းချက်လေ့ရှိသဖြင့် ရေပုံးတစ်လုံးက အမြဲတမ်းရှိနေတက်သည်။ သူမသည် ထိုရေပုံးဖြင့် အပင်များကို ရေလောင်းတက်သည်။ လင်းချင်းသည် ကန်ထဲတွင် ရေကိုစိမ်မချိုးတော့ဘဲ ထိုပုံးဖြင့်ရေခပ်ကာ မြက်ခင်းပေါ်တွင်ချိုးခြင်း သို့မဟုတ် နယ်မြေ၏အပြင်သို့ထွက်ကာ ချိုးခြင်းမျိုးသာ လုပ်တော့သည်။

လင်းချင်းသည် ရှဲ့တုန်းက ခေါင်းထဲက ဦးနှောက်စားချင်နေသည်ကို ပြောနိုင်သည်။ ထို့ကြောင့် သူမသည် ဖန်ခွက်တစ်လုံးဖြင့် ရေကိုခပ်လိုက်ကာ သူ့အားပေးလိုက်သည်။ ရှဲ့တုန်းသည် ယူသောက်လိုက်သည်။ လင်းချင်းသည် ဖန်ခွက်အလွတ်ကိုကြည့်ကာ နောက်တစ်ခွက်ထပ်ခပ်ပေးလိုက်သည်။ ရေသောက်ပြီးမှ သူ့၏လူခေါင်းစားချင်စိတ်သည် ရုတ်တရက် လျှော့နည်းသွားလေသည်။ လင်းချင်းသည် သူ့အားခွက်ကိုပေးပြီးနောက် သောက်ချင်လျှင် ထပ်၍ခပ်သောက်ဖို့ အချက်ပြလိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now