84

2.4K 490 10
                                    

၈၄။ လမ်းပိတ်တဲ့ ဇွန်ဘီတွေ

လင်းချင်းမသိသည်က သူမရှာနေသည့်သူများသည် သူမနှင့်သိပ်မဝေးကြောင်းပင်။ သူမနှင့် နှစ်မြို့အကွာတွင်သာရှိနေသော်လည်း သူမသည် လွဲသွားလေပြီ! သူမက ဖူကျိုးမြို့ထဲသို့ မောင်းသွားသည့်အချိန်မှာ လင်းဖန်းနှင့် သူ့လူများသည် ဆန်းမင်းမြို့ထဲသို့ ရောက်သွားကြသည်။ လင်းချင်းက ပုထန်နှင့် ကွမ်ကျိုးမြို့များသို့ ဦးတည်သွားနေစဉ်တွင် လင်းဖန်းနှင့် သူ့မိသားစုများသည် နန်ပင်းမြို့သို့ မောင်းသွားကြလေပြီ။ ထို့ကြောင့် သူတို့သည် အချင်းချင်း လွဲသွားကြသည်။ လင်းချင်းသည် လိုက်ဖမ်းခံနေရသည့် လင်းဖန်းနှင့် သူ့မိသားစုများနှင့် မတွေ့လိုက်ဘဲ ကျွင်းကျွင်းနှင့်အတူ ဖူကျိုးမြို့သို့ ရောက်သွားကြသည်။

မင်ခရိုင်ကို ဖြတ်သွားသည့်လမ်းတွင် သူတို့လမ်းသည် ပိတ်ခံလိုက်ရသည်။ လမ်းပေါ်တွင် ဇွန်ဘီအုပ်ကြီးက ပြည့်ကျပ်နေသည်။ သို့သော်လည်း ဒီတစ်ခါကတော့ အရင်ကနှင့်မတူပေ။ အခုတော့ လင်းချင်းသည် မြို့ပေါ်မှာ စိတ်ခံစားချက်မဲ့စွာဖြင့် လျှောက်သွားနေသည့် ဇွန်ဘီအုပ်ကြီးဖြင့် တိုးတာဖြစ်သည်။ လင်းချင်းသည် ကားကိုရပ်လိုက်ကာ မီတာနှစ်ရာသုံးရာလောက်အကွာမှ ဇွန်ဘီအုပ်ကြီးကို ကြည့်လိုက်သည်။

ကမ္ဘာပျက်ခေတ်တွင် ဇွန်ဘီများသည် စုပေါင်းနေလေ့မရှိဘဲ သီးခြားသာ လှုပ်ရှားကြသည်။ သူတို့သည် စုစည်းနေလျှင် ဒါဟာရည်ရွယ်ချက်မရှိဘဲ တိုက်ဆိုင်သွားတာသာ ဖြစ်သည်။ သို့သော်လည်း အခုကတော့ ရာကျော်သည့် ဇွန်ဘီများသည် လမ်းပေါ်တွင်ရပ်နေကာ လင်းချင်းအား စိတ်ခံစားချက်မဲ့စွာဖြင့် ကြည့်နေကြသည့်ပုံမှာ ကျောချမ်းစရာကြီးပင်။

ကြည့်ရသည်မှာ ဒီနေရာရှိ ဇွန်ဘီအားလုံးက စုစည်းနေပုံရသည်။ အဘယ်ကြောင့်ဆိုသော် ဒီလမ်းမပေါ်ကအုပ်ကြီးကလွဲလျှင် အခြားဇွန်ဘီများကို မတွေ့ရသောကြောင့်ပင်။ လင်းချင်းသည် ပတ်ဝန်းကျင်ကို ဂရုတစိုက်ကြည့်နေစဉ်တွင် ကားနောက်ခုံမှ ကျွင်းကျွင်းသည် နာကျင်စွာဖြင့် ထအော်လေသည်။
"ဂါး!"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now