83

2.4K 506 9
                                    

၈၃။ ထွက်ပြေးနေရတဲ့အဖွဲ့

ဒီလူ၏ဘေးတွင် သက်လတ်ပိုင်းမိန်းမတစ်ယောက်သည် ဝမ်းနည်းစွာ ထိုင်နေသည်။ သူမ၏အဝတ်များသည် စျေးပေါပုံရသော်လည်း သန့်ရှင်းကာ သပ်ရပ်နေသည်။ သူမ၏ဆံပင်ရှည်များကို ကျစ်စာမြီးလျော့လျော့စီးထားသည်။ သတ်လတ်ပိုင်းမိန်းမကြီး၏ မျက်ခုံးများသည် ကွေးကျနေကာ သူမ၏စိတ်ဆင်းရဲမှုကို သိသာစေသည်။

အမျိုးသမီးနှစ်ယောက်သည် ဆိုဖာအဟောင်းတွင် ထိုင်နေကြသည်။ သူတို့သည် အသက၃၀ကျော်လောက်ပဲ ရှိသေးကာ လှပလွန်းပြီး သူတို့၏မျက်လုံးများထဲတွင် ရန်လိုမှုတို့က ရှိနေသည်။ အမျိုးသမီးများသည် ကမ္ဘာပျက်ခေတ်တွင်ရှားသည်ဖြစ်ရာ အခန်းထဲတွင် လေးယောက်သာရှိသည်။ တံခါးဝက ယောက်ျားနှစ်ယောက်သည်လည်း ၂၀ကျော်ပဲရှိသေးသာ ငယ်ရွယ်သေးသည်။

"ချင်းကိုသတ်တာက ယန်ကျင်းဟွားလို တိရိစ္ဆာန်အတွက် မလုံလောက်သေးဘူးလား? အခုတော့ ငါတို့အားလုံးကို သေစေချင်နေတယ်! ကျက်သရေအဖြာဖြာကိုတုံးလိုက်တာ! အဲ့ဒီအချိန်တုန်းက ချင်းက သူ့ကိုခေါ်ထားပေးတာကို ငါတို့လက်မခံခဲ့သင့်ဘူး"
သက်လတ်ပိုင်းအမျိုးသမီးကြီးသည် အံကြိတ်ကာ ဒေါသနှင့်အမုန်းများဖြင့် ပြောလိုက်သည်။ ထို့နောက် သူမသည် ဝမ်းနည်းသွားသည်။

"ဟမ့်! ယောင်းမနဲ့ ကျွန်မကို သူကမျက်စိကျနေခဲ့တာ။ အဲ့ဒီတဏှာရူးက အမကြီးကို တပ်မက်နေတာ အတော်ကြာပြီ။ ပြီးတော့ အဲ့ဒီစိတ်တွေကိုလည်း ကျွန်မနဲ့ ယောင်းမတို့ရှေ့မှာ ဘယ်တုန်းကမှ ဖုံးထားတာ မရှိဘူး။ အမကြီးကသာ သူ့ကိုထိန်းထားတာ မဟုတ်ရင် အရင်တည်းက ကျွန်မတစ်ခုခုလုပ်ပြီးနေလောက်ပြီ။ ဒါပင်မယ့် အမကြီးလင်းက သူ့ကိုပဲယုံတယ်။ ဘယ်တုန်းကမှ ကျွန်မကို မယုံဘူး"
မိန်းမနှစ်ယောက်ထဲမှ တစ်ယောက်ဖြစ်သည့် နူးညံ့သည့် မျက်နှာလေးနှင့် ဆံပင်ဖြောင့်နေသည့် မိန်းကလေးက ယန်ကျင်းဟွားကို မုန်းတီးမှုအပြည့်ဖြင့် ပြောသည်။

သူမ၏ဘေးက ကလေးမျက်နှာလှလှလေးဖြင့် မိန်းကလေးသည်လည်း ထိုမိန်းကလေးလို ဒေါသထွက်နေတာ ဖြစ်သော်လည်း သူမက ပိုဒေါသထွက်နေတာဖြစ်သည်။ ထိုယောက်ျားက သူမအား အမှောင်ဖုံးနေသည့်အကြည့်များဖြင့် စိတ်ပျက်ဖို့ကောင်းအောင် ကြည့်နေတက်သည်ကို တွေးမိသည့်အခါ သူမသည် ဘေးနားက ထိုင်ခုံကို လှည့်ကန်ပစ်လိုက်သည်။ သူမသည် နှာခေါင်းရှုံ့လိုက်ကာ ဘာမှပြန်မပြောတော့ပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now