119

2K 427 17
                                    

၁၁၉။ အခြားအရာ

"ဒါဆိုရင် လင်းဖန်းတို့ကိုရှာဖို့ ပင်လယ်မြို့တော်ကို သွားမှာလား?"
လုံချင်းယင်က မေးသည်။

လင်းချင်းက ခေါင်းငြိမ့်ပြသည်။

"Captainကို သွားရှာမှာလား?"
တူယွမ်ရှင်းကလည်း ဒါကိုပဲမေးသည်။

လင်းချင်းသည် ခေါင်းထပ်ငြိမ့်ပြကာ ရေးပြသည်။
'ငါလိုတဲ့အချက်အလက်ရပြီဆိုတော့ ဒီမှာမနေတော့ဘူး'

"နင်သွားရှာမယ်ဆိုတော့ ငါလည်း လိုက်ခဲ့လို့ရမလား?"

လုံချင်းယင်က မေးသည်။ မေးပြီးသည့်နောက် သူမသည် ကျွင်းကျွင်းနှင့် ကလေးကို ကြည့်လိုက်သည်။ ကလေးက လူသားဖြစ်နေမှတော့ ဒီလိုကလေးကို ဇွန်ဘီနှစ်ကောင်ဖြင့် ထားခဲ့ဖို့ကို သူမအဆင်မပြေဖြစ်နေသည်။ သူမလည်း စခန်းပြန်ရတော့တာ မဟုတ်သလို စခန်းက သူမအတွက် မလုံခြုံတော့ပေ။ ထို့ကြောင့် လင်းဖန်းတို့ မိသားစုကိုသာ လိုက်ရှာဖို့ တွေးလိုက်သည်။

ထို့အပြင် လင်းချင်းပြောသည်ကို မှန်တာ ဟုတ်မဟုတ် သူမသိချင်သည်။ အချိန်ကြာလာလျှင် ဒီတစ်ကောင်က လင်းဖန်းတို့မိသားစုကို တကယ်ကူညီမှာ ဟုတ်မဟုတ်ကို သူမယုံရမရသိလာမှာ ဖြစ်သည်။

တူယွမ်ရှင်းသည် လုံချင်းယင်ကို တအံ့တသြဖြင့် ကြည့်လိုက်သည်။ လင်းဖန်းတို့ကို သွားရှာမည်ကို သိသော်လည်း ဇွန်ဘီနှင့် လိုက်သွားမည်လို့တော့ သူမထင်ထားပေ။ ဒါကအရမ်းအန္တရာယ်များသည်။ ပြီးတော့လည်း ဒီဇွန်ဘီအကြောင်းရော မိတ်ဆွေဟုတ်မဟုတ်ရော မသိရသေးတာ ဖြစ်သည်။

"သူနဲ့သွားမလို့လား? အန္တရာယ်အရမ်းများတယ်"

သူသည် ဒါကိုတွေးနေရင်း မနေနိုင်တော့ဘဲ ထုတ်ပြောလိုက်သည်။ ဒီဇွန်ဘီ၏ စကားများက ယုံချင်စရာ မရှိပေ။ ဒီဇွန်ဘီသည် လင်းဖန်းတို့မိသားစုအပေါ် မကောင်းသည့် ရည်ရွယ်ချက်ရှိနေနိုင်သည်။ အကယ်၍ ဇွန်ဘီနှင့် သူ့သူငယ်ချင်းက နောက်ကျောကနေ လာကိုက်ရင်ရော?

လင်းချင်းသည် ဒီနှစ်ယောက်ကို တည်ငြိမ်စွာကြည့်ပြီး ငြိမ်နေသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now