104

2.1K 437 4
                                    

၁၀၄။ ရုတ်တရပ် တိုက်ခိုက်မှု

"ဒါဘာကြီးလဲ!!!"

သူတို့သည် ခေါင်းလှည့်ကြသည့်အခါ တူယွမ်ရှင်းနှင့် သူ့အသင်းဖော်များသည် ခေါင်းကြီးဇွန်ဘီကို မြင်သည့်အခါ တချို့ကထအော်ကြသည်။ ရွံ့ဖို့ကောင်းလွန်းလို့ ဘာကောင်လဲဆိုတာတောင် သူတို့မပြောတက်တော့ပေ။

လုံချင်းယင်သည်သာ စိတ်ကိုထိန်းကာ လေးပေလောက်ရှိသည့် ဇွန်ဘီကို စူးစမ်းနေနိုင်တာ ဖြစ်သည်။ သူ့တွင် ခေါင်းကြီးတစ်လုံးမှာ မျက်လုံးလေးလုံး၊ နှာခေါင်းနှစ်ခုနှင့် ပါးစပ်ပြဲကြီးတစ်ခုရှိသည်။ ခေါင်းသည်လည်း သွေးများရွဲနေသည့် ဆံပင်ကျို့တို့ကျဲတဲဖြင့် ဖြစ်သည်။ ထိုအရာသည် လူ့ခေါင်းနှစ်လုံးကို ပေါင်းထားသလို ဖြစ်သည်။

'ရွံ့ဖို့ကောင်းလိုက်တာ!'
လင်းချင်းက တွေးနေမိသည်။

သူတို့သည် ဒီခေါင်းကြီးဇွန်ဘီက သူတို့ကိုတိုက်သည့်ကောင် ဟုတ်မဟုတ် အတည်မပြုရသေးခင် ထိုရွံ့စရာဇွန်ဘီသည် လှုပ်ရှားလာသည်။ လူတိုင်းမြင်လိုက်သည်မှာ ထိုဇွန်ဘီသည် သူ့ပါးစပ်ပြဲကြီးကိုဖြဲကာ လင်းချင်းက သူ့သားကောင်များကို လုသွားမှာစိုး၍ အော်ဟစ်လိုက်သည်။ ထိုအသံသည် နားဝင်စိုးလှကာ အရင်ကထက် ပိုပြင်းပြီးကျယ်ကာ စူးရှလွန်းသည်။

ဖူး!
တူယွမ်ရှင်း၏အဖွဲ့မှ သုံးလေးယောက်လောက်သည် မြေပြင်ပေါ်သို့ လဲကျကာ သွေးအန်ကုန်ကြသည်။ သူတို့သည် လင်းချင်းပေါ်လာသည့်အခါ သူမကိုသာ စိတ်ဝင်တစားဖြင့် ကားထဲတွင် သတိလစ်နေသည့်သူကို ထားခဲ့ကာ စာလာဖတ်ကြခြင်းဖြစ်ခဲ့သည်။

ရပ်နေနိုင်သည့်သူများကလည်း သူတို့ခေါင်းထဲက အသံစူးစူးကြောင့် ဦးနှောက်များ ပျက်မလိုတောင် ဖြစ်နေကြသည်။ လုံချင်းယင်သည် မြေပြင်ကို ဓားထောက်ထားကာ ရပ်နေနိုင်သော်လည်း တူယွမ်ရှင်း၊ ချိုင်ဟုန်ချင်းနှင့် အခြားသူများသည် ဒူးထောက်ချလိုက်ရတော့သည်။ အဖွဲ့သားတိုင်းသည် ခနတာ မတိုက်ခိုက်နိုင်တော့ပေ။

ထူးဆန်းသည်မှာ ဒီတိုက်ခိုက်မှုသည် ချူးလီလီကိုတောင် ထိခိုက်စေသည်တောင်မှ လင်းချင်းအတွက်ကျတော့ ဘယ်လိုမှတောင် မနေပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now