89

2.2K 462 5
                                    

၈၉။ မောင်နှမ

"အနှောင့်အယှက်ပေးမိတာ အားနာပါတယ်"
လုထန်ရိသည် ဝူချန်းယွဲ့အား ပြုံးကာနှုတ်ဆက်ရင်း ပြောသည်။

ဝူချန်းယွဲ့သည် သူ့ခုံမှနေ ထလိုက်ကာ ပေါ့ပေါ့ပါးပါးဖြင့်
"ရပါတယ်။ ထိုင်ပါ။ စခန်းကနေ အပြင်ထွက်မယ်လို့ ကြားတယ်။ ပြန်ရောက်လာတာလား? ဘာဖြစ်လို့ အလျင်စလိုနဲ့ လာတွေ့တာလဲ? ဘာဖြစ်လို့လဲ?"

စကားပြောနေစဉ်တွင် သူ့ရုံးခန်းထဲက နှစ်ခုံတွဲဆိုဖာကို ညွှန်ပြလိုက်သည်။ ထို့နောက် ရေသန့်စက်ထဲမှရေကို ခွက်နှစ်ခုထဲသို့ထည့်လိုက်ကာ ရေခွက်များကို လူငယ်များရှေ့သို့ တိုးပေးလိုက်သည်။

ထို့နောက် သူ့သမီးဆီသို့သွားလိုက်ကာ ပွေ့ချီလိုက်ပြီး ဝူယွဲ့လင်းအား သူ့အပေါ်တွင် ထိုင်စေသည်။ လုထန်ယုနှင့် ကောင်းချင်းမင်းတို့သည် သူညွှန်ပြသည့်ခုံတွင် ထိုင်ကြသည်။ ရှောင့်ယွဲ့လုံသည် တံခါးသွားပိတ်ပေးပြီး ထွက်သွားသည်။

"မေးစရာလည်း နည်းနည်းရှိလို့ပါ။ လုထန်ယုကို ဘယ်အချိန်တုန်းက နောက်ဆုံးတွေ့လိုက်တာလဲ?"
လုထန်ယုအကြောင်းကို လုထန်ရိသည် မေးရသည်မှာ သိပ်အဆင်မပြေလှပေ။ သို့သော်လည်း မေးနိုင်လိုက်သည်။

သူအပြင်သွားခဲ့သည်။ သူနှင့်ကောင်းချင်းမင်းတို့သည် အလောင်းသွားရှာခြင်း ဖြစ်သည်။ သို့သော်လည်း ဘာမှမတွေ့ပေ။ ဇွန်ဘီဖြစ်ပြီး ထွက်ပြေးနေသလား မသိသဖြင့် သူတို့သည် အနီးအနားက ဇွန်ဘီများကြားတွင် ရှာခဲ့သေးသော်လည်း သူ့ညီမကို မတွေ့ပေ။ ထို့ကြောင့် ဝူချန်းယွဲ့အား လုထန်ယု၏ အလောင်းဘယ်နားရှိသလဲ လာမေးရခြင်း ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူ့ညီမက ဒီလူကို မုဒိန်းကျင့်ခဲ့သည်။ ဝူချန်းယွဲ့သည် လုထန်ယုသူ့အား လုပ်သွားခြင်းထက် သူ့သမီးကိုသာ ပိုအလေးထား၍ ဖြစ်သည်။

အံ့သြဖို့ကောင်းစွာ ဝူချန်းယွဲ့သည် သူတို့ထင်သလို ဒေါသမထွက်ပေ။ ထို့အစား တည်ငြိမ်စွာ အပြုံးလေးဖြင့်
"မေးခွန်းတစ်ခုလောက် မေးရမလား?"

လုထန်ရီသည် ခေါင်းငြိမ့်ပြလိုက်သည်။

ဝူချန်းယွဲ့သည် သူ့အားကြည့်အား အံ့သြစွာဖြင့် မေးသည်။
"ခင်ဗျားက ကျိုးဘက်ကလူဖြစ်နေတာတောင် ယန်ချောင်းရဲ့ မိန်းမအကြောင်း ဘာဖြစ်လို့ လာမေးနေတာလဲ? လာမေးဖို့ ကိုယ့်ဟာကိုယ် ဆုံးဖြတ်တာလား? ကျိုးကခိုင်းလိုက်တာလား?"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now