198

1.2K 260 0
                                    

၁၉၈။ ဇွန်ဘီလား လူလား

လင်းချင်းသည် သူတိုနှစ်ယောက်ကို ဆယ်စက္ကန့်လောက် ကြည့်ပေးလိုက်ပြီးနောက်မှ ခုံတွင်ပြန်သွားထိုင်လိုက်သည်။ သူမသည် ခုံတွင်ထိုင်ရင်းဖြင့် ဒီနှစ်ယောက်မှာ ဘာဖြစ်သလဲသိဖို့ အချိန်ယူရမည်ဖြစ်ကြောင်း သိလိုက်သည်။

လင်းချင်းထိုင်လိုက်သည့်အခါ လုထန်ရိနှင့် ကောင်းချင်းမင်းတို့သည် အနည်းငယ်သက်သာရာရသွားသည်။ သူမဆီက ဖိအားမရှိတာကြောင့် သူတို့စိတ်သည် ချက်ချင်းသွက်လက်လာသည်။ သူတို့၏မျက်လုံးထဲတွင် လုထန်ရိသည် ကျန်းမာသည့် လူသားတစ်ယောက်လိုဖြစ်သည်။ မျက်လုံးများကတော့ ခြွင်းချက်ပင်။

ဘယ်ဇွန်ဘီက ဒီလိုမျိုး ကျန်းမာပုံရကာ သန့်ပြန်နေမည်နည်း? ချူးလီလီကတော့ သန့်ပါသည်။ သူတို့လည်း သူတို့က မမြင်ဖူးကြသေးပေ။ ချူးလီလီတောင်မှ မျက်တွင်းနက်ကြီးများ နည်းနည်းရှိနေသေးသလို ရှဲ့တုန်းကတော့ လူနှင့်ပိုတူသည်။ သူတို့နှစ်ယောက်လုံးမှာ ရှဲ့တုန်းက ဇွန်ဘီဆိုသည်ကိုလည်း မသိကြသေးပေ။

'ဘယ်ဇွန်ဘီက လူသားမစားဘဲနေလို့လဲ? ဒါပင်မယ့် ဒီတစ်ယောက်တော့ ငါတို့ကို ကယ်ရုံတင်မကဘူး စကားပါပြောနိုင်တယ်'

ကောင်းချင်းမင်းသည် ပိုသွက်လက်စွာ တွေးနိုင်သည်။ လင်းချင်းကို ခေါင်းအစခြေအဆုံးကြည့်လေရာ သူမသာ နေကာမျက်မှန်တပ်ထားသ၍ လူသားတစ်ယောက်လို ဖြစ်ကြောင်း သိလိုက်ရသည်။ သို့သော်လည်း ဇွန်ဘီမဟုတ်ရင် မျက်လုံးက ဘာဖြစ်လို့ ဒီလိုဖြစ်နေတာလဲ? သူမေးလာပြီ။
"နင်ကဘာလဲ? ဇွန်ဘီလား? လူလား?"

သူမသည် လူနှင့်တူသော်လည်း ဇွန်ဘီမျက်လုံးရှိသည်။ သို့သော်လူလို နေသည်။ ဒီလိုဇွန်ဘီမျိုးကို သူမကြားဖူးပေ။ ဒီမေးခွန်းကိုမေးရင်းဖြင့် ကောင်းချင်းမင်းသည် လုထန်ရိကို တစ်ချက်ကြည့်လိုက်ရာ လုထန်ရိသည်လည်း ဒါကိုမေးချင်နေပုံရသည်။ နှစ်ယောက်လုံးက လင်းချင်းကို ကြည့်လာသည်။

လင်းချင်းသည် သူတို့ကို လက်ညိုးထိုးပြပြီးနောက် သူမ၏ခေါင်းကို ပြန်ထိုးပြလိုက်သည်။ သူမသည် သူတို့ကို ကိုယ့်ဟာကိုယ်တွေးကြည့်စေချင်တာ ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now