154

1.8K 357 24
                                    

၁၅၄။ ရင်သားကြီးတာက ပြဿနာပဲ

ကျွင်းကျွင်းသည် တုံတုံကိုချီကာ ကန်ဘေးတွင် အကြာကြီးထိုင်စောင့်နေခဲ့သည်။ နောက်ဆုံးသည် ကန်ရေသည် လှုပ်လာမှ သူမစိတ်အေးရသည်။ ထို့နောက် ကန်ထဲကနေ ပြန်ကူးလာသည့်သဏ္ဍာန် တစ်ခုကို သူမမြင်လိုက်ရသည်။

"အ. . .အာ?"

ကတုံးပြောင်ကြီး ရေပေါ်ကို တက်လာသည့်အခါ သူမ၏မျက်လုံးများကို မယုံနိုင်ဖြစ်သွားသည်။ လင်းချင်းအနားကို ရောက်လာမှ ကျွင်းကျွင်းသည် ဒါခေါင်းကြီးမှန်း သေချာသိတော့သည်။

ထိုကတုံးမသည် မျက်နှာလေးက အလွန်တရာလှပသော်လည်း စိတ်ညစ်နေသည့်ရုပ်ဖြင့် ဖြစ်သည်။ ရေကန်၏အလယ်ကနေ ကန်အစပ်သို့ ကူးလာသည်။ ကျွင်းကျွင်းကတော့ လင်းချင်းကို ကြည့်ကာ
'သူကတုံးဖြစ်သွားပြီ'

လင်းချင်း၏ မကျေမနပ်ဖြစ်နေသည့် မျက်နှာထားကို မြင်သည့်အခါ သူမသည် လက်ကိုကွယ်ကာ မရယ်ဘဲ မနေနိုင်ပေ။

လင်းချင်းသည် ကျွင်းကျွင်းကို ကြည့်လိုက်သည့်အခါ သူမချီထားသည့် တုံတုံက အိပ်နေကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ရေထဲကနေ သူမ၏သန့်ရှင်းကာ ချောမွေ့နေသည့် ကိုယ်ဖြင့် ထထွက်လာခဲ့သည်။ ထို့နောက် ကန်စပ်တွင် ချွတ်ထားသည့် အဝတ်များကို ယူဝတ်လိုက်သည်။

ရယ်လို့ဝတော့မှ ကျွင်းကျွင်းသည် လင်းချင်ကို ပြန်ကြည့်သည်။ ထိုအခါ သူမ၏အသွင်အပြင်သည် ပြောင်းလဲသွားသော်လည်း အရင်လိုအရှိန်အဝါရှိနေဆဲ ဖြစ်သည်။ ထို့အတူ လင်းချင်းသည် အရင်ကထက် ကျွင်းကျွင်းအား ဖိအားပိုပေးနေနိုင်သည်။ လင်းချင်းကို သေချာကြည့်သည့်အခါ သူမ၏မျက်နှာသည် နူးညံကာ လှပလွန်းသည်။ သို့သော်လည်း ဘဲဉပုံမျက်နှာဖြင့် ကတုံးဖြစ်နေသည့်အခါ ကြက်ဉကြီးတစ်လုံးလိုပင်။ ထို့ကြောင့် လင်းချင်းကို ကြည့်ရင်း ကျွင်းကျွင်းသည် အူတက်နေပြန်သည်။

လင်းချင်းသည် မျက်လုံးလှန်လိုက်ကာ သူမအား ဒီလိုအဓိပ္ပါယ်ပါသည့် အကြည့်ဖြင့် ကြည့်လိုက်သည်။
'ငါပျော်မနေဘူးဆိုတာ နင်မြင်တယ်မလား? ဒါတောင် ငါ့ကိုရယ်နေသေးတယ်လား!'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now