196

1.3K 267 3
                                    

၁၉၆။ စားပြီးမှပြမယ်

"ငါတို့ဒီလို ဇွန်ဘီတွေသိန်းနဲ့ချီရှိနေတဲ့ မြို့ပေါ်နေရာကနေ ထွက်သွားဖို့ဆိုတာ အခုတကယ်မဖြစ်နိုင်ဘူး"
ကောင်းချင်းမင်းက ပြောသည်။ သူသည် ဘေးကိုကြည့်လိုက်သည့်အခါ အခုအချိန်တွင်တော့ ဘာဖြစ်လို့ ဇွန်ဘီတစ်ကောင်မှ ပေါ်မလာသလဲကို တွေးကြည့်နေမိသည်။ ဇွန်ဘီခေါင်းဆောင်သုံးကောင် ထွက်သွားသဖြင့် သူတို့အနံ့ကြောင့် အခြားဇွန်ဘီများကို ဆွဲဆောင်နိုင်မှာဖြစ်သည်။ သို့သော်လည်း သူတို့ရပ်နေသည်မှာ ၂မိနစ် ၃မိနစ် ရှိတာတောင်မှ ဇွန်ဘီများပေါ်မလာဘဲ တိတ်ဆိတ်နေသည်မှာ ထူးဆန်းသည်။

"ဟုတ်တယ်"
ဟွမ်ရှို့က သဘောတူသည်။
"ကျွန်တော်တို့မှာ စွမ်းအားရော လက်နက်ရော ဘာမှမရှိတော့ဘူး။ အားတွေကလည်း ၇၀ရာခိုင်နှုန်းလောက်ကို ကျနေပြီ"

သို့သော်လည်း လုထန်ရိက ပြောသည်။
"မဟုတ်ဘူး။ ငါတို့အပြင်မှာ ခနနေရပါတယ်။ သေနတ်ရှိရင် သာမန်ဇွန်ဘီတွေကို ရှင်းရတယ်။ ပြီးတော့လည်း ငါတို့အစွမ်းတွေက တဖြည်းဖြည်းပြန်ကောင်းလာမှာပဲ။ ငါတို့အချိန်လိုရုံတင်"

သူသည် နယ်မြေထဲတွင် မနေချင်ပေ။ သူမ၏မျက်နှာကြောင့် ကာကွယ်ပေးနေခြင်းမျိုး မလိုချင်တာ ဖြစ်သည်။ အနည်းဆုံးတော့ နယ်မြေထဲသို့ ဝင်မနေလျှင် သူ့ကိုယ်သူ အရမ်းအသုံးမဝင်သလို ခံစားရမှာ မဟုတ်ပေ။ ထို့အတူ နယ်မြေထဲသို့ ဝင်လိုက်ပါက သူမနှင့် အချိန်ဖြုန်းဖို့မဖြစ်နိုင်တော့ကာ မည်သူဖြစ်သလဲ ဆိုသည်ကို မသိနိုင်တော့ပေ။ လုထန်ယုဟုတ်မဟုတ်ကို သူတကယ်သိချင်မိသည်။

ကောင်းချင်းမင်းသည် သူ့ကိုကြည့်ကာ ဆိတ်ဆိတ်နေသည်။ ကျန်သည့်သူများကတော့ သူတို့ဆရာက အပြင်မှာနေမည်ဆိုလျှင် သူတို့လည်းအပြင်တွင် နေဖို့ဆုံးဖြတ်လိုက်သည်။

"ဒါပင်မယ့် အခုအချိန်ကြီး သေနတ်တွေကို ဘယ်ကနေ ရှာရမလဲ?"

လင်းချင်းသည် သူတို့ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် ထိုင်ချကာ လက်ကိုဝေ့ယမ်းလိုက်သည်။ ထိုအခါ ပစ္စတို၊ ရိုင်ဖယ်၊ စနှိုက်ပါ၊ စက်သေနတ်မျိုးစုံတို့သည် သူတို့မျက်စိရှေ့တွင် ပေါ်ထွက်လာကာ မြေပြင်ပေါ်သို့ ပြုတ်ကျလာသည်။ လင်းချင်းသည် လုထန်ရိကို ကြည့်ကာ ထိုသေနတ်များကို လက်ညိုးထိုးပြလိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now