167

1.5K 304 9
                                    

၁၆၇။ စကားပြောတဲ့ဇွန်ဘီ

နှစ်လှမ်းလောက်လျှောက်ပြီးသည့်အခါ လင်းချင်းသည် လှည့်ကြည့်ကာ မျက်မှန်ကိုလျှောချလျှက် မျက်ဝန်းနက်များကိုပြလိုက်ရင်း ပြောသည်။

"ခေါင်းဆောင်ကိုသွားပြော! ငါသူတို့ကိုပြောစရာရှိတယ်"

သူမသည် စကားများကိုတစ်လုံးချင်း ဖြည်းဖြည်းချင်း ပြောလိုက်ပြီးနော်က ချူးလီလီနှင့်အတူ အခန်းထဲသို့ဝင်သွားသည်။

ရှင်းလော့နှင့် အခြားနှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် မယုံနိုင်စွာဖြင့် ကြည့်နေမိကြသည်။ လုကျွင်းကျားက မသေချာစွာဖြင့်
"သူဘာပြောလိုက်တာ?"

ရှင်းလော့က
"ငါ့အထင်တော့ ခေါင်းဆောင်ကို သူ့မှာပြောစရာရှိတယ်ဆိုတာကို ငါတို့ကို ပြောခိုင်းတာလား?"

သူတို့နှစ်ယောက်သည် စုလျန်ကို သူတို့ကြားသည်အား မယုံနိုင်စွာဖြင့် ကြည့်လိုက်သည့်အခါ စုလျန်က ခေါင်းငြိမ့်ပြကာ
"ကပ္ပတိန်ကြီးကို သွားပြောရအောင်!"

လုကျွင်းကျားသည် ခနတွေးပြီးနောက် သေနတ်ကိုလွယ်လိုက်ကာ ရှင်းလော့အား
"ရှင်းလော့ မင်းအပေါ်ထပ်မှာ ကင်းစောင့်လိုက်"

ဒီလိုပြောပြီးနောက် လင်းဖန်တို့အခန်းဆီသို့ သူသွားလိုက်သည်။ ရှင်းလော့သည် ခေါင်းငြိမ့်ကာ သေနတ်ဖြင့် အပေါ်ထပ်သို့ တက်သွားသည်။

လုကျွင်းကျားသည် လင်းဖန်၏ အခန်းတံခါးနားသို့ လျှောက်သွားသည့်အခါတံခါးဝတွင် ရပ်စောင့်နေသည့် ဝေ့ကျင်းချန်အား မေးလိုက်သည်။

"ဘာဖြစ်လို့ စုလျန်က အော်နေတာလဲ?"

"သရဲတွေ့လို့"
လုကျွင်းကျားက ပြောသည်။

"Captainကြီး"
သူက တံခါးကိုခေါက်လိုက်သည်။

"ဝင်ခဲ့!"

အခန်းထဲက ဖြေသံထွက်လာမှ လုကျွင်းကျားသည် အခန်းတံခါးကိုဖွင့်လိုက်ကာ ဝင်သွားသဖြင့် ဝေ့ကျင်းချန်သည် နားမလည်စွာဖြင့် ကျန်ခဲ့ရသည်။

လုကျွင်းကျားသည် လင်းဖန်နှင့် အခြားသူများဆီသို့ လျှောက်သွားကာ
"နေကာမျက်မှန်နဲ့ဇွန်ဘီက ရောက်လာပြီး စကားပြောချင်နေတယ်"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now