168

1.5K 307 1
                                    

၁၆၈။ နားထဲစူးစေသည့်မိစ္ဆာသံ

ချူးလီလီသည် လင်းချင်းအား သူမရွေးထားသည့် အခန်းထဲသို့ ခေါ်လာသည်။ ထိုအခန်းသည် နှစ်ယောက်ခန်းဖြစ်၍ အရမ်းမကြီးသလို အရမ်းလည်း မသေးပေ။ ကုတင်ပေါ်တွင် တုံတုံက ကျွင်းကျွင်းနှင့် ဆော့နေသည်ကို လင်းချင်းက မြင်လိုက်ရသည်။

အခန်းသည် အခုဆို အတော်လည်း သပ်ရပ်ကာ သန့်ရှင်းနေပြီ။ အခန်းထဲက စောင်နှင့်အခင်းတိုင်းကိုလည်း ပြတင်းပေါက်တွင် နေပူလှန်းထားသည်။ ဒါတွေအကုန်လုံးကို ချူးလီလီက ရောက်သည်နှင့် လုပ်လိုက်တာပဲ ဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ချူးလီလီသည် သန့်ရှင်းသည်ကိုနှစ်သက်ကာ လုံလရှိသည့်ဇွန်ဘီကောင်းလေးဖြစ်သည်။

လင်းချင်းသည် အခန်းထဲသို့ ဝင်လာသည့်အခါ ကျွင်းကျွင်းနှင့် တုံတုံက သူမကိုလှည့်ကြည့်သည်။ သူမသည် ဦးထုပ်ကိုချွတ်လိုက်သည်။ ရေကန်က ကုသမှုကြောင့် သူမသည် အခုဆိုလျှင် အပူချိန်ကို ခံစားနိုင်နေပြီဖြစ်သည်။ နေ့လည်မရောက်သေးသော်လည်း ပုဝါနှင့်ဦးထုပ်ကို ဆောင်းထားရသည်မှာ သူမအတွက် တကယ့်ကိုပူသည်။ ထို့ကြောင့် ချူးလီလီနှင့် ကျွင်းကျွင်းတို့ကလည်း သူမ၏ကတုံးပြောင်ကို မြင်ဖူးနေသည်ဖြစ်၍ ဦးထုပ်နှင့်ပုဝါကို ချွတ်လိုက်သည်။

သို့သော်လည်း သူမ၏ကတုံးကို မြင်လိုက်ရသည့်အခါ အကုန်လုံးသည် ဒါကိုပဲကြည့်နေကြသည်။ ကျွင်းကျွင်းက ရယ်ချင်သော်လည်း မရယ်သင့်မှန်းသိ၍ ထိန်းနေရသည်။ ချူးလီလီနှင့် တုံတုံတို့ကလည်း စပ်စုစွာ ကြည့်နေကြသည်။ လင်းချင်းက စိတ်ထဲတွင် ရွတ်နေရသည်။
'ငါအသားကျအောင် နေရမယ်'

ချူးလီလီသည် လင်းချင်း၏ခေါင်းကို အနားကိုတိုးကာ လာကြည့်သည်။ ထို့နောက်ကိုင်ဖို့ လက်ကိုလှမ်းလိုက်သည်။ လင်းချင်းသည် ချက်ချင်းတုန့်ပြန်သည်။ ထိုအခါ ချူးလီလီသည် ခေါင်းကိုကိုင်မရတော့သဖြင့် နှုတ်ခမ်းကိုဆူထော်ထားကာ ပလုံးပထွေးပြောသည်။

"အာ ယာ ယာ ယာ ယာ ယာ!"
'ကိုင်ကြည့်ချင်တာကို!'

လင်းချင်းသည် တိတ်တိတ်ပဲနေစဉ် ချူးလီလီ၏လက်သည် ထပ်လှမ်းလာကာ ကိုင်လိုက်သည်။ ထို့နောက် ပျော်ရွှင်စွာ ပြောသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now