165

1.8K 353 6
                                    

၁၆၅။ အစီအစဉ်ကဘာလဲ?

တစ်ညလုံးအိပ်ပျော်နေခဲ့သည့် ယွမ်ထန်ရှင်းသည် အခုမှ နိုးလာသည်။ သူသည် မျက်လုံးပွင့်သည့်အခါ ထူးဆန်းသည့်မျက်နှာကျက်ကို မြင်လိုက်ရသဖြင့် ဘေးကို အလိုအလျောက်စူးစမ်းမိသွားသည်။

ဓားရှည်ကိုလွယ်ထားရင်း လက်ကိုပိုက်ကာ သူတို့စကားများကို နားထောင်နေသည့် လုံချင်းယင်သည် ယွမ်ထန်ရှင်းနိုးလာသည်ကို သတိထားမိသည်။ ထို့ကြောင့် သူ့အားကြည့်ကာ
"ဒုခေါင်းဆောင်နိုးလာပြီ!"

သူမပြောသည်ကိုကြားမှ အခြားသူများသည် ယွမ်ထန်ရှင်းကို လှည့်ကြည့်ကြသည်။ လင်းဖန်၊ လင်းဝမ်ဝမ်နှင့် အခြားသူများသည် သူ့ကုတင်နားသို့ ထသွားကြသည်။

"ထန်ရှင်းနိုးလာပြီပဲ မင်းဘယ်လိုနေသေးလဲ?"
လင်းဖန်က သူ့ကိုကြည့်ကာ မေးသည်။

"ဟုတ်တယ်! အကိုထန်ရှင်း"

လင်းဝမ်ဝမ်က
"ဒဏ်ရာတွေနဲ့ပြည့်နေတာ။ ဘယ်လိုနေသေးလဲ?"

ရင်းနှီးသူများကို မြင်မှသာ ယွမ်ထန်ရှင်းသည် သတိကိုလျှော့ချနိုင်သည်။ လက်ထောက်ပြီးထကာ ကုတင်ကိုမှီထိုင်လိုက်ပြီး
"အဆင်ပြေပါတယ်။ အကုန်လုံးရော အဆင်ပြေရဲ့လား? ဒီနေရာကရော ဘယ်နေရာလဲ?"

လင်းဖန်သည် ကုတင်ဘေးကခုံကို ဆွဲလိုက်ကာ ထိုင်လိုက်ပြီးနောက်
"ဟိုတယ်ကြီးတစ်ခုက အခန်းပဲ။ မနေ့က ငါတို့ရှိတဲ့နေရာနဲ့ သိပ်မဝေးဘူး။ မင်းဒဏ်ရာတွေက အတော်ဆိုးလို့ ငါတို့အဝေးကြီး မသွားရဲဘူး။ အဲ့ဒါကြောင် ဒီမှာပဲ တစ်ညအိပ်လိုက်တာ"

ယွမ်ထန်ရှင်းက ခေါင်းငြိမ့်သည်။ မနေ့ကထက် သူပိုသက်သာနေသည်မှာ သေချာနားလိုက်ရသောကြောင့်ဟု ထင်လိုက်သည်။

"ကျေးဇူးတင်ပါတယ်။ ကျွန်တော်က အဆင်ပြေပါတယ်။ သွားချင်ရင်ဒီနေ့သွားလို့ရပြီ။ အရင်ဆုံး ပင်လယ်မြို့တော်ခန်းကို သွားသင့်တယ်။ ပြီးမှဘာလုပ်နိုင်မလဲ ကြည့်ကြတာပေါ့။ နောက်ဘာလုပ်ဖို့ စီစဉ်ထားလဲ?"

လင်းဖန်သည် အခြားသူများကိုကြည့်ကာ သက်ပြင်းချပြီးနောက်
"စိတ်ရှည်စမ်းပါ။ ငါတို့မင်းကို အရင်ကုပေးမယ်။ အနာဂတ်ကတော့ ငါတို့အကုန် လွတ်မြောက်နိုင်ဖို့ပဲ။ စခန်းအသစ်ထောင်မှာပင်မယ့် လောလောဆယ် အခက်တွေ့နေတော့ မဖြစ်နိုင်ဘူး။ ပင်လယ်မြို့တော်စခန်းနဲ့တော့ မပေါင်းဘူး။ ဒါပင်မယ့် လီကျန်းတို့ကို စောင့်ရဦးမယ်။ သူတို့ဘယ်လောက်ရှင်ကျန်ခဲ့လဲ မသိဘူး"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now