3

3.4K 544 11
                                    

Unicode Ver

၃။ ခိုးလာတဲ့အဝတ်

"မြန်မြန်!. . . ဇွန်ဘီတွေ အများကြီးပဲ. . .ဘယ်ဘက်ကိုကြည့်!"

"ဒီဘက်ကပိတ်ထားတယ်. . .ထွက်လို့မရဘူး!"

"အား!"

"လင်းယု!"

"အဲ့ဒီကိုမသွားနဲ့! လင်းယုလက်မှာ ဇွန်ဘီကြောင့် ဒဏ်ရာရသွားပြီ. . ."

"မလာနဲ့! ခေါင်းဆောင် ကျွန်တော်ဇွန်ဘီမဖြစ်ပါရစေနဲ့. . .ဟာ. . .အခုသတ်လိုက်ပါတော့. . .ခေါင်းဆောင်!"

"လင်းယု! လင်းယု!"

တိုက်ပွဲအခြေအနေက ပြောင်းလဲသွားသည်။ လူများအား ဇွန်ဘီတို့က ဝိုင်းထားကြသည်။

"ခေါင်းဆောင်. . .ကျွန်တော့်ရဲ့ ညီမလေးကို စောင့်ရှောက်ပေးပါ. . ."

"မဟုတ်ဘူး! လင်းယု အဲ့ဒီကို မသွားနဲ့! မင်းသေသွားရင် လင်းယန်က ဘယ်လိုလုပ်မလဲ?"

ထိုအချိန် လင်းချင်းမှာတော့ ဘာကိုမှမကြားဘဲ သူမစိတ်ထဲတွင် စကားတစ်ခွန်းကိုသာ ရေရွတ်နေသည်။
'ဗိုက်ဆာတယ်. . .ဗိုက်တွေ အရမ်းကိုဆာနေပြီ'

ထိုစကားသည် သူမ၏စိတ်ထဲတွင်သာမက ဦးနှောက်ထဲတွင်ပါ ထွက်ပေါ်နေသည်။ ထို့ကြောင့် လင်းချင်းမှာ ခေါင်းတောင်ကိုက်ချင်လာသလို ဖြစ်နေတော့သည်။ သူမသည် အံကိုကြိတ်ကာ မနည်းထရန် ကြိုးစားရတော့သည်။

"ခေါင်းဆောင်. . .သွားပါတော့! ကျွန်တော်ကာပေးထားမယ်။ ကျွန်တော့်အတွက် ကျည်တစ်ထောင့်ချန်ထားတယ်။ အခုသွားကြတော့!"
လင်းယုက သေနတ်ကို လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ ဇွန်ဘီခေါင်းများကို ချိန်ပစ်ရင်း ခေါင်းဆောင်လီကျန်းကို အော်ပြောလိုက်သည်။

သို့သော်လည်း လီကျန်းသည် တွေဝေနေသည်။

"မဟုတ်ဘူး လင်းယု! ငါတို့လာခဲ့တဲ့သူအတိုင်း ပြန်ကြရအောင်။ မင်းကို မချန်ထားခဲ့ဘူး"
သူက ငြင်းနေသည်။

လင်းယုက ပြန်အော်ပြောသည်။
"ခေါင်းဆောင် ဇွန်ဘီတွေက အများကြီးပဲ။ လူတိုင်းပြန်နိုင်မှာ မဟုတ်ဘူး။ ကာပစ်ပေးဖို့ ကျန်ခဲ့မှ ဖြစ်မယ်။ ကျွန်တော်လည်း ပိုးကူးခံရနေပြီးပြီ။ ဇွန်ဘီဖြစ်မဖြစ်ကို ကိုယ့်ဟာကိုယ်ရှင်းလိုက်မယ်။ အကုန်လုံးအတွက် ကျွန်တော်ကျန်နေခဲ့ပါရစေ"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now