12

2.7K 452 0
                                    

၁၂။ ဇွန်ဘီတွေအကြား ဆက်သွယ်ခြင်း

လင်းချင်းက ဇွန်ဘီများကို အော်နေသော်လည်း ဘာအဖြေကိုမှ တုံ့ပြန်မှုအနေဖြင့် မရပေ။ သူမသည် အခြေခံညွှန်ကြားချက်များကို သိသော်လည်း ဘာမေးခွန်းကိုမှ ပြန်မဖြေတက်သည့် နွားနှင့် စကားသွားပြောနေရသလို ခံစားလာရသည်။ ဇွန်ဘီများနှင့် ဆက်သွယ်ဖို့ နည်းလမ်းကို ရှိပုံမရပေ။ ဒါကိုနားလည်သွားသည့်အခါ သက်ပြင်းချကာ ထွက်လာသည်။

'ဗိုက်ဆာတယ်. . .'

ရုတ်တရက် ထိုအတွေးက သူမ၏ခေါင်းထဲတွင် ကြားလာသည်။

'ဗိုက်ဆာတယ်. . .ဗိုက်ဆာတယ်. . .ဗိုက်ဆာတယ်'

သူမ၏ခေါင်းသည် ကိုက်လာသည်။ ထိုအရာက သူမနိုးလာချိန်တုန်းက မူလကိုယ်၏ မှတ်ညဏ်များကို ရတုန်းကလိုဖြစ်သည်။ သူမသည် ဟိုနေ့ကလိုလို တနေ့ကလိုလို မှတ်ညဏ်တွေကို ပြန်မှတ်မိလာသည်။ သို့သော်လည်း သိပ်အများကြီးမဟုတ်၍ ခေါင်းကိုက်တာကလည်း တဖြည်းဖြည်း သက်သာလာသည်။

ထို့နောက် သူမခေါင်းထောင်နိုင်သည့်အခါ အရင်ဆုံးတွေးမိခြင်းက
'ဘယ်ကောင်က ဗိုက်ဆာနေတာလဲ?'

ထို့နောက်တွင် ထိုအတွေးသံက ပေါ်လာပြန်သည်။

'ဗိုက်ဆာတယ်. . .ဗိုက်ဆာတယ်'

လင်းချင်းက သေချာအာရုံစိုက်ပြီး နားထောင်ကြည့်သည့်အခါ အခြားမဟုတ် သူမ၏အရှေ့က ဇွန်ဘီကောင်ဆီမှ ဖြစ်သည်။

"ဂါး"
လင်းချင်းက ထိုဇွန်ဘီအား မအော်ဘဲ မနေနိုင်ပေ။ သူမမေးလိုက်သည်က
'နင်ဗိုက်ဆာနေတာလား?'

ထိုဇွန်ဘီက သူမအားပြန်ကြည့်ကာ
"ဂါး"
ထိုဇွန်ဘီဖြေသည်က
'ဗိုက်ဆာတယ်'

"ဂါး"
လင်းချင်းက ထပ်မေးလိုက်သည်မှာ
'ဒီအနားမှာ လူသားရှိလား?'

ဒီတစ်ခါတော့ ဇွန်ဘီသည် ဘာမှပြန်မဖြေဘဲ လင်းချင်းအား နားမလည်သလို ကြည့်နေသည်။

သူမသည် သက်ပြင်းချကာ ဇွန်ဘီအား ထွက်သွားဖို့ လက်ပြလိုက်သည်။ ထိုအခါ ဇွန်ဘီက ချက်ချင်းလှည့်ထွက်သွားသည်။

လင်းချင်းသည် လူများကို တွေ့မလားဟု၍ ဒီနေရာတွင် ရှာကြည့်နေသေးသည်။ သို့သော်လည်း မတွေ့၍ သူမပြန်ကာနီးတွင် သူမ၏ခေါင်းထဲမှာ အော်သံတစ်ခုပေါ်လာသဖြင့် ကြောင်အသွားသည်။
'ဒီအော်သံက ဘယ်ကထွက်လာတာလဲ?'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now