57

2.4K 469 4
                                    

၅၇။ မျှော်လင့်ချက်မဲ့နေရာမှ ရှင်သန်လာခြင်း

အခန်းထဲကလူများသည် လင်းယုပြောသည်ကို ကြားကြသည်။ သူ့စကားဆုံးသည့်အခါ လင်းယုသည် သူ့အကျီဘယ်လက်ကိုလိပ်တင်လိုက်ကာ ညာလက်ဖြင့် သူ့လက်ကို ဓားမြှောင်ဖြင့် ခွဲရန်ပြင်လိုက်သည်။

"အကိုလင်း ဘာလုပ်နေတာလဲ?"
ဖန်ယုမင်းက လင်းယု၏အပြုအမှုကြောင့် လန့်သွားကာ မေးသည်။

"ကြည့်"
သူ့စကားဆုံးသည်နှင့် ဓားမြှောင်သည် အသားကိုဖြတ်သွားသည်။ ထိုအခါ လူသားများလိုပဲ သွေးနီနီများက သူ့လက်မှနေထွက်လာသည်။

"သွေးနီနေဆယ်ဆိုတော့ အခုမင်းကိုယ်က ကောင်းတယ်ဆိုတဲ့ သဘောပဲ"
လင်းယု၏သွေးများကိုကြည့်ရင်း လီကျန်းက ထင်မြင်ချက်ပေးသည်။ လင်းယုသည်လည်း ဘာမှမပြောဘဲ ကျန်လေးယောက်ကိုသာ ကြည့်နေသည်။

"ဒီဒဏ်ရာက. . ."
အရပ်ရှည်သည့်တစ်ယောက်သည် မသဲမကွဲအသံထွက်လာသည်။ လင်းယုသည် သူ့ကိုကြည့်ကာ ပြုံးပြလိုက်သည်။ သူထင်သလိုပင် ကြွက်သားများအပြည့်ဖြင့် ခပ်တုံးတုံးလူဟုထင်ရသည့် လဲ့ယောင်သည် အကုန်လုံးထဲတွင် သတိထားမိတာ အရင်ဆုံးဖြစ်သည်။

လဲ့ယောင်ကြောင့် ကျန်သည့်သူများသည် လင်းယု၏ဒဏ်ရာကို သေချာကြည့်လိုက်ကြသည်။ ထိုအရာ ဒဏ်ရာသည် သူ့ဟာသူပြန်ကျက်နေသည်။ ပြန်ကောင်းသွားသည့်နှုန်းက အရမ်းနှေးသော်လည်း တကယ်ဖြစ်နေတာဖြစ်သည်။ ဒါကိုမြင်သည့်အခါ အကုန်လုံးသည် အံ့သြမှုကြောင့် မျက်လုံးပြူးကုန်ကြသည်။

သူတို့အားလုံးသည် လင်းယုမှာ သဘာဝလွန်စွမ်းအားမရှိသည့် သာမန်လူဖြစ်ကြောင်း သိကြသည်။ သူ့တွင် ကုသရေးစွမ်းအားမရှိပါလျှက် ဘယ်လိုလုပ် ဒဏ်ရာက သူ့ဟာသူပြန်ကျက်နေသနည်း?

လဲ့ယောင်၏မျက်လုံးများသည် ကျဉ်းမြောင်းသွားကာ သူ့အားမေးသည်။
"ဒါက. . . ကုသရေးစွမ်းအားမလား?"

လဲ့ယောင်၏မေးခွန်းသည် တိုတုတ်သော်လည်း လူတိုင်းက သူဘာမေးချင်သလဲဆိုသည်ကို သိကြသည်။ လူတိုင်းသည် လင်းယုဆီမှ အဖြေကိုသာ စောင့်မျှော်ကုန်ကြသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now