39

2.4K 461 2
                                    

၃၉။ ထူးဆန်းသည့် ဆက်သွယ်မှု

ရှဲ့တုန်းသည် ခေါင်းကိုငုံသွားကာ သူ့အိတ်ကပ်ထဲမှ ဘောပင်ကို ကြည့်နေသည်။ ထို့နောက် ခနရပ်သွားကာ လင်းချင်းမေးသည်ကို နားလည်လိုက်သည်။ ထို့နောက် ဘောပင်ကိုထုတ်ကာ သူ့အိတ်မှ စာအုပ်ကို ထုတ်လိုက်သည်။ စာအုပ်သည် ရေစိုနေ၍ ကပ်နေပြီဖြစ်သည်။

"ဂါး?"
လင်းချင်းသည် စာအုပ်အစိုကိုကြည့်ကာ သူ့အားမေးလိုက်သည်။
'အစွမ်းက ဘာလဲ?'

ရှဲ့တုန်းသည် မီးစွမ်းအားရှင်ဖြစ်ခဲ့မှန်းကို သူမသိသော်လည်း ဇွန်ဘီဖြစ်လာသည့်အခါ အစွမ်းက ဆက်ရှိသေးသလားကို သူမသိချင်သေးသည်။

ရှဲ့တုန်းသည် လင်းချင်းက ဘာမေးတာလဲဆိုသည်ကို နားလည်သည်။ သူက သူ့အစွမ်းက ဘာဖြစ်သွားသလဲကို မသိသေးသဖြင့် သူမမေးမှသာ သတိရသွားသည်။ ထို့ကြောင့် လက်ကိုမြှောက်လာကာ သူ့လက်ဝါးကိုလှန်လိုက်သည်။ လင်းချင်းသည် မျက်လုံးကိုမှိတ်ကာ တစ်ခုခုကို ခံစားမိနေပုံရသည့် ရှဲ့တုန်းအား စိတ်ဝင်တစားကြည့်နေသည်။

ဖျောက်

မီးတောက်အနီကို မမြင်လိုက်ရသော်လည်း သူ့လက်ဝါးထဲမှ မီးပွားတစ်ခုက ထွက်လာကာ လေထဲတွင် အငွေ့ပျံသွားသည်ကို မြင်လိုက်ရသည်။

လင်းချင်းနှင့် ရှဲ့တုန်းတို့ နှစ်ယောက်လုံးသည် ဘာဖြစ်သလဲကို ခန့်မှန်းမိသည့်အခါ ဆွံ့အသွားကြသည်။ အခုအခြေအနေက အရမ်းမဆိုးသေးပေ။ မီးပွားထွက်လာခြင်းက သူအစွမ်းသည် လုံးဝပျောက်သွားခြင်း မဟုတ်ကြောင်းကို သိသာစေသည်။

သို့သော်လည်း ရှဲ့တုန်း၏လက်ဝါးမှ မီးခိုသည် ပျော်ကွယ်သွားသည့်တိုင်အောင် လင်းချင်းမှာ သူ့လက်သည်းများက မီးလိုရဲနေပြီး ခနနေမှ ပြန်ပျောက်သွားသည်ကို မြင်လိုက်သည်။ ထို့နောက်တွင်တော့ သူ့အဝတ်များသည့် သူ့ကိုယ်၏အပူချိန်ကြောင့် အမြန်ခြောက်သွေ့သွားသည်။ သူ့ကိုယ်သည် အရင်က ရေခဲတုံးလို အေးဆက်နေသော်လည်း အခုတော့ မီးလောင်နေသလို ပူလောင်လာသည်။ သို့သော်လည်း သူ့အတွက်တော့ အဆင်မပြေမဖြစ်ပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now