108

2K 397 1
                                    

၁၀၈။ ကိုယ်ပျောက်ကာ ခိုးနားထောင်ခြင်း

တူယွမ်ရှင်းသည် သက်ပြင်းချကာ ပြောသည်။

"ဘာဖြစ်လို့ အရမ်းစိုးရိမ်နေတာလဲ? ဇွန်ဘီမှာ မကောင်းတဲ့စိတ်မရှိလောက်ဘူးလို့ ငါထင်တာပဲ။ မဟုတ်ရင် ငါတို့ကို ပျူပျူငှာငှာဆက်ဆံမှာ မဟုတ်ဘူး။ ဒီအမြူတေကို သူ့အစွမ်းတိုးဖို့ သုံးလို့ရနေတာကိုတောင်မှ ပေးသွားတာ"

"အေး"
လုံချင်းယင်သည် စိတ်တိုနေဆဲ ဖြစ်သော်လည်း ပြန်တော့ဖြေသေးသည်။

တူယွမ်ရှင်းသည် တံခါးကိုသွားပိတ်ကာ သက်ပြင်းထပ်ချသည်။

"ကမ္ဘာပျက်တာ ငါးနှစ်လောက်ရှိလာတော့ ဇွန်ဘီတွေတောင် ညဏ်အရမ်းကောင်လာပြီ။ ဒီဇွန်ဘီ၂ကောင်က ငါတို့စခန်းတစ်ခုလုံးကို ဖျက်စီးပစ်နိုင်တယ်လို့ မထင်ဘူးလား?"

"စခန်းကိုဖျက်မှာ ကြောက်ရင်လည်း နင်အခုသွားသတ်လိုက်လေ သွား သွား"
လုံချင်းယင်က ပြောသည်။

တူယွမ်ရှင်းသည် ပုခုံးကိုတွန့်ကာ ပြောသည်။
"ဒီလိုလုပ်ဖို့ငါမှ ဒီလောက်မသန်မာတာ။ ပြီးတော့လည်း သူကစခန်းကို ဖျက်မယ်လို့ ဘာဖြစ်လို့ ငါထင်ရမှာလဲ? ဖြစ်နိုင်တာကတော့ လူသားတွေနဲ့ အတူအလုပ်တွဲလုပ်နိုင်တယ်။ အခုက လုပ်သလိုပေါ့"

လုံချင်းယင်က သူ့ကိုကြည့်ကာ မေးသည်။
"ဖြစ်နိုင်မယ်လို့ထင်လား?"

တူယွမ်ရှင်းသည် ခနတွေးပြီးဖြေသည်။
"ဘာဖြစ်လို့ မဖြစ်နိုင်ရမှာလဲ? လူသားတွေက ပစ္စည်းပျက်နေတာ။ ဇွန်ဘီတွေသာ ငါတို့အတွက် အစာနဲ့ အဝတ်တွေကို လာလဲနိုင်ရင် ကောင်းတာပေါ့"

လုံချင်းယင်သည် သူ့ကိုကြည့်ကာ ထပ်မေးသည်။
"ဘာနဲ့လဲမှာလဲ? လူ့အသားနဲ့လား?"

တူယွမ်ရှင်းသည် ဘယ်လိုစကားဆက်ပြောရမလဲ မသိတော့ပေ။ ကြည့်ရသည်မှာ သူတို့သည် ဇွန်ဘီများကို လူသားများအပြင် ပေးစရာဘာမှ မရှိတာလောက်ပေ။ ထို့ကြောင့် သက်ပြင်းချကာ ပြောသည်။
"လင်းဖန်းတို့တွေ ဘယ်လိုနေမလဲ သိချင်တယ်။ တော်သေးတာက ခေါင်းဆောင်က လင်းယုနဲ့ တခြားသူတွေကို ပင်လယ်မြို့တော်စခန်းကို ပို့ထားလို့။ ခေါင်းဆောင်သာ သူ့လူတွေကို လွတ်အောင် လုပ်ပေးနိုင်ရင် သူတို့က ပင်လယ်မြို့တော်ရဲ့ တနေရာရာမှာ ရှိနေနိုင်မှာ"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now