191

1.2K 265 0
                                    

၁၉၁။ လူသားအဖွဲ့ကိုရှာခြင်း

လင်းချင်းသည် အောက်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက် အမိုးပေါ်ကနေ ခုန်ချလိုက်သည်။ သူမသည် ဇွန်ဘီများထဲတွင် ကိုယ်ပြန်ဖော်လိုက်ပြီးနောက် လူသားအဖွဲ့နားသို့ ကပ်သွားလိုက်သည်။

သူမသည် အနားသို့ရောက်သွားသည့်အခါ လူသားအဖွဲ့ထဲက လူနှစ်ယောက်ကို မြင်လိုက်ရသည်။ အတိအကျပြောရလျှင် လင်းချင်းက ဒီလူများကို သိတာမဟုတ်ဘဲ လုထန်ယုက သိခြင်းဖြစ်သည်။ လူငယ်နှစ်ယောက်သည် ဖုန်များဖြင့် ပေကျံနေသော်လည်း ချောမောနေဆဲပင်။

လင်းချင်းသည် တွေးမိသွားသည်။
'တိုက်ဆိုင်လိုက်တာ။ ဘယ်လိုကံကြမ္မာမျိုးက သူတို့ကို ငါ့ဆီခေါ်လာတာလဲ?'

ဒီလူငယ်နှစ်ယောက်သည် လုထန်ယုနှင့်ရင်းနှီးနေရခြင်းမှာ တစ်ယောက်သည် မောင်နှမဖြစ်နေ၍ပင်။ လုထန်ယု၏ သွေးတစ်ဝက်ရောသည့် ဆွေမျိုးဖြစ်ကြောင်းကို လင်းချင်းသည် ဒီတစ်ယောက်၏ မျက်နှာကို မြင်လိုက်သည့်အခါ မှတ်ဉာဏ်များက ဝေဝါးနေသော်လည်း သိလိုက်သည်။ လုထန်ယုသည် သူမ၏မိသားစုကို သူတို့သားအမိက ဖျက်စီးသွားသည်ဟု ယုံကြည်ထားသဖြင့် မောင်နှမချင်း ဘယ်တုန်းကမှ မတည့်ခဲ့သလို ကမ္ဘာပျက်ခေတ်သို့ ရောက်လာသော်လည်း ဒီတစ်ယောက်ဖြင့် သူမသည် ဘာအဆက်အဆံမှ မလုပ်ချင်ခဲ့ပေ။ ထို့ကြောင့် စခန်းတွင် သူမသည် မသိချင်ယောင်ဆောင်နေလေ့ရှိခဲ့သည်။

'လုထန်ရိက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ? ပြီးတော့ ဘာဖြစ်လို့ ဒီလူတွေက ဇွန်ဘီဆီမှာ အဖမ်းခံနေရတာလဲ?'

လင်းချင်းသည် ဇွန်ဘီအုပ်ကြီးနှင့်အတူ ရွေ့လျားရင်း လုထန်ရိနှင့် အခြားသူများကိုကြည့်ကာ သူမတွေးနေမိသည်။ လုထန်ရိဘေးက လူငယ်လေးကိုလည်း သိပါသည်။ ထိုလူငယ်လေးသည် ကောင်းချင်းမင်းဖြစ်ပြီး လုထန်ရိ၏ သူငယ်ချင်းဖြစ်ရာ သူမတို့အိမ်သို့ အရင်တည်းက လိုက်လာလည်ဖူးသဖြင့် လုထန်ယုက သိနေခြင်းပင်။

'ဇွန်ဘီခေါင်းဆောင်တွေက သူတို့ကို ဘယ်ကိုခေါ်သွားနေတာလဲ?'

လင်းချင်းသည် ဇွန်ဘီခေါင်းဆောင် တစ်ကောင်ကို အလွယ်လေးနိုင်သည်။ နှစ်ကောင်ဆိုရင်လည်း နိုင်မည်ဟု ယုံကြည်ချက်ရှိသည်။ သုံးကောင်ဖြင့် တိုက်ရမည်ဆိုသည့်အခါလည်း ပြဿနာတော့ မရှိပေ။ အဘယ်ကြောင့်ဆိုသော် သူမတွင် မြူခိုးနက်များရှိသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now