20

2.7K 465 2
                                    

၂၀။ ခိုးခံရသည့်သားကောင်

သဘာဝလွန်စွမ်းအင်ရှိသည့် လူသားတို့၏ လက်ဆက်သည့်အသားများသည် အရသာရှိစွာ ချိုသလို သူတို့၏အမြူတေသည်လည်း ဇွန်ဘီတွေလို မဟုတ်ဘဲ သန့်စင်လှသည်။ ဇွန်ဘီတွေလို လူသားများသည်လည်း ဇွန်ဘီအမြူတေများ ရှာကြသည်။ စခန်းတွင် အကျိုးရှိဆုံးအလုပ်သည် ဇွန်ဘီအမဲလိုက်ခြင်းသာ ဖြစ်သည်။

လင်းချင်းက အဆင့်သုံးဇွန်ဘီသည် ဒီလောက်အားနည်းလိမ့်မည်ဟု မထင်ခဲ့ပေ။ သူ့၏တိုက်ခိုက်မှုသည် ရိုးရှင်းကာ ကြမ်းတမ်းသော်လည်း လျှင်မြန်စွာ ပွဲသိမ်းသွားခဲ့သည်။

ဇွန်ဘီအမြူတေမှ စွမ်းအင်များသည် သူမ၏ကိုယ်ထဲရောက်လာသော်လည်း ဗိုက်ဆာခြင်းကိုတော့ မထိန်းပေးနိုင်ပေ။ သူမစားချင်သေးသည်။

'အသားစားချင်တယ်! အသား! အသား!'

သူမ၏ခေါင်းထဲတွင် ဒီအတွေးများဖြင့်ပြည့်နေစဉ်တွင် အသိညဏ်ရှိဇွန်ဘီကို တစ်ချက်ကြည့်ကာ လှည့်ထွက်လာခဲ့သည်။

. . .

ကောင်းကင်ကြီးမှာ လင်းလာသလို ပတ်ဝန်းကျင်သည်လည်း ရှင်းလင်းလာပြီ။ သူမသည် အရောင်များကို မခွဲခြားနိုင်သော်လည်း အလင်းရောင်အပြောင်းအလဲကိုတော့ သိနိုင်သေးသည်။ ရုတ်တရက် အသိညဏ်ရှိဇွန်ဘီပေါ်လာပြီးသည့်နောက် လင်းချင်းသည် မောင်းနိုင်သည့်ကား ရှာဖွေရန် ဆက်သွားခဲ့သည်။

သူမထွက်သွားပြီး သိပ်မကြာခင်တွင်ပဲ လူအချို့က ထိုနေရာသို့ ရောက်လာကာ သူတို့၏မျက်နှာများသည် အံ့သြမှုဖြင့် ရှုပ်ထွေးကုန်ကြသည်။

"သေသွားပြီလား? ဘယ်လိုဖြစ်တာလဲ?"

လျူဟုန်ရှီက မြေပြင်ပေါ်က အလောင်းကိုကြည့်ကာ အံ့သြနေသည်။ ကျန်သည့်နှစ်ယောက်ကတော့ မျက်နှာပျက်စွာ ဇွန်ဘီအလောင်းကို စစ်ဆေးကြည့်နေသည်။

လင်းယုံးက ဇွန်ဘီကိုကြည့်ကာ ပွင့်နေသည့်ခေါင်းကို လက်ညိုးထိုးပြရင်း
"တခြားအသိညဏ်ရှိတဲ့ဇွန်ဘီက သတ်သွားတာ။ ဒဏ်ရာအစွန်းတွေက ကြမ်းတမ်းနေတော့ လက်ဗလာနဲ့ ထိုးခွဲသွားတာ။ အဆင့်သုံး ဒါမှမဟုတ် ဒီထက်မြင့်တဲ့ အသိညဏ်ရှိဇွန်ဘီပဲ ဒါမျိုးကို လုပ်နိုင်မှာ"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now