172

1.6K 306 0
                                    

၁၇၂။ နောက်တစ်နေရာသွား

'ဒါပင်မယ့် စခန်းသစ်ဆောက်ဖို့ တွေးထားတယ်ဆိုရင် တခြားနေရာရှာဖို့ အကြံပြုချင်တယ်။ ဒီနေရာက အကောင်းကြီး ဟုတ်မနေဘူး'
လင်းချင်းက ဆက်ရေးပြသည်။

ယွမ်ထန်ရှင်သည် လင်းဖန်ကို တစ်ချက်ကြည့်ပြီးနောက် မေးလာသည်။
"ဘာဖြစ်လို့လဲ?"

ဒီနေရာသည် နိုင်ငံ၏စည်ကားခဲ့သည့် နေရာမဟုတ်ပေ။ ဇွန်ဘီအနည်းငယ်လောက်သာ ရှိသဖြင့် ရှင်းထုတ်ဖို့ဆိုလျှင် သိပ်ပြီးတော့ အားမထုတ်ရပေ။ ဒီနေရာသည် ပင်လယ်မြို့တော်စခန်းနှင့်လည်း သိပ်မဝေးသဖြင့် တစ်ခုခုဖြစ်လျှင် အကူအညီသွားတောင်းရသည်။

လင်းချင်းက ရေးပြသည်။
'နင်တို့က လူနည်းနည်းလေးရယ်။ ပြီးတော့ အားနည်းသေးတဲ့သူများတယ်။ ဒီမှာသာနေမယ်ဆိုရင် သူများတွေက လာတိုက်ဖို့လွယ်တယ်။ အဲ့ဒါကြောင့် ငါ့အထင် ဇွန်ဘီမြို့တော်တစ်ခုလောက် ရှာသင့်တယ်။ ငါတို့အတူအလုပ်လုပ်နေင် ငါတို့အနေနဲ့ တခြားဇွန်ဘီတွေဆီကနေ ကာပေးလို့ရတယ်'

ယွမ်ထန်ရှင်းသည် မေးကိုလက်ဖြင့်ထောက်လိုက်လိုက်ကာ ခနတွေးကြည့်လိုက်သည်။ သူသည် လင်းချင်း၏ အတွေးကို သဘောတူမိချင်နေသည်။

ဇွန်ဘီမြို့တော်များသည် ဇွန်ဘီအများဆုံးရှိသည့် နေရာများဖြစ်သည်။ အရင်တုန်းက မြို့ကြီးများ ဖြစ်ကြရာ လူနေမှုအဆင့်အတန်းမြင့်စွာဖြင့် နေထိုင်ကြသူများသည်။ ဇွန်ဘီမြို့တော်ရှိ အဆောက်အဦးအမြင့်ကြီးများသည် လူနေဖို့အတွက် အရမ်းသင့်တော်သည်။ ထိုမြို့ထဲတွင် အစားအသောက်သိုလှောင်ထားသည့် ရေခဲခန်းများစွာနှင့် ရိက္ခာအကောင်းများကို တွေ့နိုင်သည်။

လက်ရှိတွင် စခန်းများသည် သူတို့၏တပ်ဖွဲ့များကို ဇွန်ဘီမြို့တော်များသို့ ဝင်ရောက်စေကာ ရိက္ခာစုဆောင်းချိန်တွင် ဇွန်ဘီအုပ်ကြီးနှင့် အဆင့်မြင့်ဇွန်ဘီမျိုးစုံကို တွေ့နိုင်သည်။ ဇွန်ဘီမြို့တော်ကြီးတွင် အဆင့်ငါးဇွန်ဘီအရည်အတွက်များကာ ဇွန်ဘီဘုရင်နှင့် ဘုရင်မတို့တောင် ရှိနေနိုင်သေးသည်။ ထို့ကြောင့် ပုံမှန်အားဖြင့် ဇွန်ဘီမြို့တော်သို့ အဆင့်၇စခန်းခေါင်းဆောင်များသည် သူတို့၏တပ်များကိုခေါ်ကာ သွားကြတာဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now