28

2.4K 461 0
                                    

၂၈။ ခေါင်းထဲက ပုံရိပ်များ

လင်းချင်းသည် ဝူယွဲ့လင်း ပစ်ပေးလိုက်သည့် မြေပြင်ပေါ်က စောင်ကိုကြည့်ကာ ဘာပြန်ပြောရမလဲ မသိတော့ပေ။

'ဒီကလေးမလေးက ညဏ်အတော်ကောင်းတာပဲ။ ပြီးတော့လည်း ဂရုစိုက်တက်သေးတယ်။ ဟုတ်တယ်မလား?'

လင်းချင်းသည် ကန်ဘောင်ပေါ်သို့ ပြန်တက်လာကာ ခက်ခက်ခဲခဲကုန်းပြီး စောင်ကိုကောက်ယူလိုက်သည်။ သူမသည် ထိုစောင်ကို သူမ၏လက်သည်းများဖြင့် ပိုင်းလိုက်သည်။ စောင်သည် နှစ်ပိုင်းပြတ်သွားသည့်အခါ တစ်ပိုင်းကို သူမ၏ရင်ဘတ်နှင့် ပေါက်နေသည့် ဗိုက်ကိုဖုံးလိုက်ပြီး နောက်တစ်ပိုင်းကို ခါးမှစကတ်လို ပတ်ထားလိုက်သည်။

စောင်ကို ယာယီအဝတ်လို ဝတ်ပြီးသည့်အခါ လင်းချင်းသည် အနည်းငယ်စိတ်သက်သာရာရသွားပြီး အဝေးက ဝူယွဲ့လင်းအား ပြုံးပြလိုက်သည်။

ဝူယွဲ့လင်းမှာတော့ လင်းချင်း၏ ကြောက်စရာအပြုံးကြီးကြောင့် အနောက်သို့တောင် ဆုတ်သွားမိသည်။

လင်းချင်းသည် ဘာမှမပြောနိုင်တော့ပေ။

'ငါ့အခုရုပ်ရည်က လက်ခံနိုင်စရာ မကောင်းတာတော့ ငါလည်းသိပါတယ်. . .ဒါပင်မယ့်လည်း ကလေးမလေးရယ် အရမ်းကြီးတော့ ဒီလိုလုပ်မပြပါနဲ့။ ခုနတုန်းကတော့ ငါသေသွားမှာကို နင်ပဲကြောက်နေတာမလား?'

လင်းချင်းသည် ကန်ဘောင်တွင် ဖြည်းဖြည်းချင်း ထိုင်ချလိုက်သည်။ တော်သေးသည်က သူမ၏ကိုယ်သည် ထုံကျဉ်နေသော်လည်း သူမသည် အထိုင်အထတော့ လုပ်၍ရသေးသည်။ သို့သော်လည်း မြန်မြန်လှုပ်ရှား၍တော့ မရပေ။

သူမသည် ကန်ရေမျက်နှာပြင်ပေါ်မှ သူမ၏အရိပ်ကို ကြည့်လိုက်သည်။ သူမ၏ဆံပင်များသည် ကောက်ကွေးကာ တစ်မွေးစီလန်လို့နေသည်။ ထို့ကြောင့် သူမ၏မျက်နှာကို သေချာမမြင်ရပေ။ သူမ၏ဆံပင်များကို သူမသိမ်းလိုက်သည့်အခါ သူမ၏မျက်နှာမှ ဒဏ်ရာများသည် ပျောက်ကင်းနေလေပြီ။ အမာရွတ်အညိုများသာ ရှိတော့သည်။ မျက်လုံးများသည်လည်း နက်မှောင်ကာ တောက်ပလို့နေသည်။

သူမ၏ ရုပ်မှာ တကယ်ကို ဆိုးဝါးလှသည်။ သူမသည် ပြုံးကြည့်လိုက်သည့်အခါ မျက်နှာသည် ရှုံ့တွသွားကာ အလွန်ကြည့်ရဆိုးလွန်းသည်။ ကလေးမလေးက သူမပြုံးသည်ကို မြင်ပြီး နောက်သို့ဆုတ်သွားသည်က မထူးဆန်းတော့ပေ။ ဆံပင်တွေ ကွယ်နေသည်က ကြည့်ရဆိုးသည် မှန်သော်လည်း မျက်နှာပေါ်လာခြင်းက ပိုဆိုးသောကြောင့် ဆံပင်များဖြင့် ဖုံးထားခြင်းကသာ ပိုကောင်းလိမ့်မည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now