114

2K 394 17
                                    

၁၁၄။ သူတို့ဘက်က သစ္စာဖောက်

"ဒါမြေနဂါးစခန်းက ဟောင်ဝူပဲ"
ချိုင်ဟုန်ချင်းသည် ကားကိုအမြန့်လှည့်ရင်း ပြောသည်။ ကားသည် မီးနဂါး၏ တိုက်ခိုက်မှုမှ ရှောင်သွားနိုင်လိုက်သည်။

ပစ်မှတ်ကိုလွဲသွားသည့် မီးနဂါးသည် မကြာခင်တွင် ခေါင်းပြန်ထောင်လာကာ ကားကိုထပ်တိုက်ပြန်သည်။ ချိုင်ဟုန်ချင်းသည် ကားကိုရှောင်လိုက်ရာ အနားက နံရံတစ်ခုကို သွားတိုက်မိသည်။ ကားရပ်သွားသည့်အခါ မီးနဂါးလည်းရပ်သွားပြီး လေထဲတွင် မီးခိုးများက ပျံ့လွင့်နေသည်။

"ဒီနေ့ဘယ်သူမှ ထွက်မသွားရဘူး။ လုံ့ချင်းယင်နဲ့ အဆင့်လေးစိတ်စွမ်းအားအမြူတေကို ပေးလိုက်။ ငါပြောသလို လုပ်ရင် မင်းတို့ကို အမြန်သတ်ပေးမယ်"
လူတစ်ယောက်၏အသံကို ကြားရသည်။

တူယွမ်ရှင်းသည် ကားထဲမှနေ ထွက်လာသည်။ လုံချင်းယင်သည်လည်း ကားအမိုးပေါ်ကနေ သူ့ဘေးသို့ ခုန်ဆင်းလာသည်။ သူတို့အား စကားပြောနေသည့်သူကိုကြည့်နေရင်း လုံချင်းယင်သည် အနီးနားမှ ဇွန်ဘီများကို သံဆူးချွန်ဖြင့် ပစ်သတ်နေသည်။

"ဟောင်ဝူ မင်းကမြေနဂါးစခန်းက ဆန်ကုန်မြေလေးပဲ! အနှေးနဲ့အမြန် လင်းဖန်းက မင်းကိုသတ်တော့မှာ။ တခြားစခန်းနှစ်ခုနဲ့ပေါင်းပြီးတော့ ငါတို့ဟေးဒီးစခန်းကို တိုက်ရုံနဲ့ အကုန်လုံးကို တစ်နိုင်ငံလို ပေါင်းနိုင်မယ်လို့ မင်းထင်နေတာလား? အိပ်မက်မက်မနေနဲ့! မင်းတို့စခန်းခေါင်းဆောင်က ငကြောက်! မိုးမီးစခန်းနဲ့ ဖုံးကွယ်ထားတဲ့တိမ်တိုက်စခန်းဆီမှာ သူ့ဖင်ကိုရောင်းစားထားတဲ့ကောင်ကို မင်းတို့က ကူညီနေသေးတယ်"
တူယွမ်ရှင်းသည် ဟောင်ဝူအား အကြောက်အလန့်မရှိ အထင်သေးစွာ စိုက်ကြည့်ရင်း အော်ဟစ်သည်။

ဟောင်ဝူသည် နှာခေါင်းရှုံ့ကာ
"မင်းတို့ရဲ့ စခန်းဒုခေါင်းဆောင်က သစ္စာမဖောက်ရင် ငါတို့စခန်းခေါင်းဆောင်က အောင်နိုင်မှာ မဟုတ်ဘူး။ မင်းတို့ပြဿနာက မင်းတို့လူဆီမှာ ပြီးတော့ ငါတို့က ကူညီလိုက်ရုံပဲ"

တူယွမ်ရှင်း၏စကားများကို ပြန်မချေပဘဲ အခြားတစ်ခုကို သူပြောလိုက်သည်။ တကယ်တော့ တူယွမ်ရှင်းပြောသည်က မမှားပေ။ သူတို့မြေနဂါးစခန်းခေါင်းဆောင်သည် လုံယုပိုင်ဖြစ်ရာ မိန်းမချော ချောလွန်းသည့်ယောက်ျားတစ်ယောက်ဖြစ်ပြီး ရေစွမ်းအားရှင်ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now