189

1.6K 296 7
                                    

၁၈၉။ စိတ်ငြိမ်ငွေ့

လင်းချင်းပျောက်ကွယ်သွားသည့်အခါ မီးခိုးနီဇွန်ဘီသည် ကြောက်လန့်သွားသည်။ ချက်ချင်းနောက်ဆုတ်ကာ ပြတင်းပေါက်ကနေ ခုန်ချဖို့လုပ်သည်။ ထိုအခါ ကိုယ်ပျောက်နေသည့်သူသည် သူ့နောက်ကိုလိုက်သည်။

ဇွန်ဘီသည် ပြေးဖို့ကြိုးစားချိန်မှာ သူ့အားနည်းချက် ပေါ်လာသည်။ ဇွန်ဘီလှည့်လိုက်သည်နှင့် လင်းချင်းသည် မီးခိုးနီကြားထဲတွင် အမြန်ပြေးကာ ပြတင်းပေါက်ဘောင်ကနေ တက်လိုက်သည်။ ထို့နောက် ချက်ချင်းကိုယ်ပြန်ဖော်လိုက်ကာ ဇွန်ဘီ၏လည်ပင်းကို သူမ၏လက်သည်းများဖြင့် ပိုင်းလိုက်သည်။

ဇွန်ဘီသည် အခြားအဆောက်အဦးတစ်ခုကို ခုန်ပြေးဖို့ လုပ်နေတာဖြစ်သည်။ မျက်နှာချင်းဆိုင် အဆောက်အဦးတွင် ကော်ရစ်တာရှိနေသည်ကို ပြတင်းပေါက်ကနေ လှမ်းမြင်နေရသည်။ အဆောင်များသည် တစ်ခုနှင့်တစ်ခု ၂မီတာလောက်ပဲ ဝေးလေရာ ဇွန်ဘီအနေဖြင့် ခုန်ကူးလိုက်ဖို့က လွယ်ကူသည်။ သို့သော်လည်း တစ်ဖက်အဆောက်အဦးသို့ မရောက်ခင် လေထဲမှာပဲ သူ့လည်ပင်းကို သပ်ရပ်စွာဖြင့် လက်သည်းဖြင့် ပိုင်းခံလိုက်ရတော့သည်။

ဘုန်း!

မီးခိုးနီဇွန်ဘီသည် အခြားအဆောက်အဦး၏ ကော်ရစ်တာမှ ကျောက်လက်တန်းနှင့် ရိုက်မိသွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ဂါး!

အောက်ကဇွန်ဘီအုပ်ကြီးသည် သိသာသည့်တုံ့ပြန်မှုတော့ မလုပ်ပေ။ လင်းချင်းက သူမ၏အရှိန်အဝါကို ထုတ်ပြလိုက်ကာ သူမလည်း ဇွန်ဘီအုပ်ကြီးထဲသို့ ခုန်ဆင်းလာသည်။ သူမ၏အရှိန်အဝါက ပျံ့နှံ့သွားသည်နှင့် အကုန်လုံးသည် ဆယ်စက္ကန့်အတွင်းမှာ နောက်သို့ဆုတ်ပေးကြသည်။

လင်းချင်းသည် သူမပိုင်းဖြတ်လိုက်သည့် မီးခိုးနီဇွန်ဘီ၏ အလောင်းနားကို သွားလိုက်သည်။ သူမလှုပ်ရှားလာသည်ကို မြင်သည်နှင့် အနားက ဇွန်ဘီများသည် သူမနှင့်ဝေးရာကို ပို၍ပြေးတော့သည်။ ထိုဇွန်ဘီသည် လည်ပင်းကနေ ဖြတ်ခံလိုက်ရသည်ဖြစ်ရာ မြေပြင်တွင် သူ့ကိုယ်အစိတ်အပိုင်းတို့က ပြန့်ကျဲနေသည်။ လင်းချင်းသည် ခေါင်းနားကိုသွားလိုက်ကာ ဦးခေါင်းခွံကို ခွဲလိုက်ပြီးနောက် အမြူတေကို ထုတ်ယူလိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now