182

1.3K 257 2
                                    

၁၈၂။ မင်းရူးနေလား?

ဟိုတယ်ဖြင့် မီတာရာချီဝေးသည့်နေရာမှ အဆောက်အဦးတစ်ခုတွင် လူတစ်ယောက်သည် ဟိုတယ်ကို အဝေးကြည့်မှန်ပြောင်းဖြင့် ခိုးကြောင်ခိုးဝှက်ချောင်းနေသည်။

"တစ်ခုခုတွေ့လား?"

"ရှူး တိုးတိုး! ဟိုတယ်က ဆယ်ထပ်လောက်ရှိတာမှာ တစ်လွှာက အခန်းတွေပဲ မီးပွင့်နေတာ ငါမြင်ရတယ်။ ဒီမြို့မှာ မီးပြတ်သွားတာက အရမ်းကြာနေပြီဆိုတော့ သူတို့တွေက ဆိုလာစနစ်နဲ့သုံးနေတာဖြစ်မယ်"

"ဆိုလာစနစ်လား? သေချာလား?"

"မဟုတ်ရင် သူတို့က လျှပ်စစ်ဘယ်လိုလုပ်မလဲကွ?"

"ဆိုလာစနစ်ရှိတယ်ဆိုရင် ဒီနေရာက အရင် မရောက်ဖူးသေးတာ ထင်တယ်။ အနားက ဇွန်ဘီတွေကိုလည်း ဒီလူတွေရှင်းထားတာဖြစ်မယ်။ ဟိုတယ်က ဒီလောက်ကြီးတာ။ အထဲမှာ အအေးခန်းလည်း ရှိမှာပဲ။ ရေခဲရိုက်အစားအသောက်တွေ အတော်များလောက်မယ်"

"ဖြစ်နိုင်တယ်!"

"ငါတို့သွားကြည့်ကြမလား?"

"အခြေအနေကို ခနသည်းခံကြည့်"

"ဟုတ်ပြီ!"

"ဒီလိုဆိုမှ အနားမှာ အဆင့်ငါးဇွန်ဘီရှိနေပင်မယ့် ဒီလူတွေက ဟိုတယ်မှာ အေးဆေးနားနေတော့ ဇွန်ဘီခေါင်းဆောင်က သတ်ခံလိုက်ရပြီထင်တယ်။ အဲ့ဒါကြောင့် အနည်းဆုံး သူတို့မှာ အဆင့်၆ ဒါမှမဟုတ် အဆင့်၅ တစ်ယောက်ပါမှာပဲ။ ငါတို့က သူတို့နဲ့ယှဉ်မရမှတော့ သွားနေရင်လည်း ဘာအကျိုးမှ မရှိဘူး"

"ဟုတ်သားပဲ"

"လူနှစ်ယောက်ခေါ်သွားပြီးတော့ ငါတို့ဆိုလာသုံးပစ္စည်းတွေ တွေ့ထားတယ်လို့ စခန်းက ဒုခေါင်းဆောင်ကြီးကို သွားသတင်းပို့လိုက်။ သူလိုက်လာလိမ့်မယ်"

"ဟုတ်ပြီ။ မင်းပြောသလိုလုပ်လိုက်မယ်"

လင်းချင်းသည် ဒီလူများက မီတာရာချီအောင်ဝေးသည့် အမှောင်ထဲတွင်ပုန်းနေကာ အသံတိုးတိုးဖြင့် ပြောနေသဖြင့် သူမ၏ အကြားအာရုံကောင်းလွန်းသော်လည်း သူတို့စကားများကိုတော့ မကြားနိုင်ပေ။ သူတို့၏အနံ့များနှင့် လက်သွားသည့် မှန်ပြောင်းကိုတော့ သူမသိလိုက်သည်။ ဒီလူများသည် လှုပ်ရှားမှုမရှိဘဲ ငြိမ်နေသဖြင့် လင်းချင်းသည် သူတို့က အခြေအနေကို လာစူးစမ်းတာဖြစ်မည်မှန်း သိလိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now