179

1.6K 284 6
                                    

၁၇၉။ မှတ်ဉာဏ်ပျောက်တာ

ရှဲ့တုန်းသည် လင်းချင်းကို စိတ်ရှုပ်စွာ ကြည့်လိုက်သည်။
'ဘာကိုပြောချင်တာလဲ? လုထန်ယုရဲ့ကိုယ်ထဲကို နောက်တစ်ယောက်က ရောက်လာပြီး အသက်ပြန်ရှင်တာလား? ပြန်မွေးလာတာလား? ဝိဉာဉ်ပြောင်းတာလား? ဘာကြီးလဲ?'

ရှဲ့တုန်းသည် လင်းချင်းကို ကြည့်လိုက်သည့်အခါ လူတိုင်းမုန်းသည့်မိန်းမနှင့် တကယ်ကြီးကွာခြားနေသည်။ သို့သော်လည်း သူမပြောပြသည့်အကြောင်းက အရမ်းကို မယုံကြည်နိုင်စရာဖြစ်လွန်းသည်။ သူ့လိုလူသားမှတ်ဉာဏ်များဖြင့် ဇွန်ဘီဆိုသည်က အကျိုးအကြောင်းသင့်သေးသော်လည်း လူနှစ်ယောက်၏ မှတ်ဉာဏ်ရှိနေသည်လား? ၂ယောက်၏မှတ်ဉာဏ်တွေက ရောသွားခြင်းမျိုးလား?

'လုထန်ယုရဲ့မှတ်ဉာဏ်တွေ ရှိနေတာလား?'

ရှဲ့တုန်းသည် ရေးပြသည့်အခါ လင်းချင်းက ခေါင်းငြိမ့်ပြသည်။ လုထန်ယု၏ မှတ်ဉာဏ်များသည် အစီအစဉ်မကျသော်လည်း သူမ၏စိတ်ထဲတွင်တော့ ရှိနေသည်။ ရှဲ့တုန်းသည် သူမ၏အခြေအနေကို နားမလည်ပေ။ မယုံချင်သော်လည်း ဒေါင့်စုံကသေချာတွေးကြည့်ရင် သက်သေပြပြီးသား ဖြစ်နေပြီ။

'ဒါပင်မယ့် ဒါကတကယ့်ကို မယုံနိုင်စရာပဲ ဒီလိုမျိုးတကယ်ဖြစ်နိုင်လို့လား?'

'ကမ္ဘာပျက်သွားတော့ အပင်တွေနဲ့တိရိစ္ဆာန်တွေက သန္ဓေပြောင်းကုန်ကြတယ်။ ၇၀ရာခိုင်နှုန်းလောက်လူတွေက ဇွန်ဘီဖြစ်ပြီး သေကုန်တယ်။ ကျန်တဲ့တချို့လူတွေက အစွမ်းတွေရလာကြတယ်။ ဟုတ်ပြီ မဖြစ်နိုင်တာ ဘာရှိသေးလို့လဲ?'

ရှဲ့တုန်းသည် ဒီလိုတွေးလိုက်ပြီးနောက် လင်းချင်းပြောသည်ကို လက်ခံနိုင်သွားသည်။

လင်းချင်းက လင်းချင်းသာဖြစ်သည်။ လုထန်ယုမဟုတ်ပေ။ လုထန်ယု၏ကိုယ်နှင့် နာမည်ကို ငှားသုံးနေရခြင်းသာ။ ထို့နောက် သူသည် မေးခွန်းထပ်ရေးပြလိုက်သည်။

'မိသားစုကို တွေ့ပြီးပဲကို ဘာဖြစ်လို့ နာမည်အမှန် မပြောတာလဲ?'

လင်းချင်းသည် သူ့ကိုကြည့်ပြီးနောက် သင်ပုန်းကိုယူကာ သူ့မေးခွန်းကိုဖျက်ပြီး ရေးပြသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now