8

2.8K 495 4
                                    

Unicode Ver

၈။ မကောင်းတာလုပ်နေတဲ့မိန်းမ

ကြွက်သားက သူမကို နည်းနည်းအဆာပြေစေသော်လည်း ဗိုက်ဆာနေသေးသည်။

'အသားထပ်စားချင်သေးတယ်!'

ဒီလိုတွေးပြီးနောက် အနံ့ခံကြည့်လိုက်သည်။ အနံ့တစ်ခုက ခပ်ဝေးဝေးကနေ ပျံ့နေသည်။

'ဒါကစားရတဲ့ဟာ!'

သူမသည် မနေနိုင်တော့ဘဲ ထိုအနံ့နောက်ကို လိုက်တော့သည်။ သူမသည် သစ်တောထဲကိုတိုးဝင်လာသည့်အခါ မြက်တောထဲသို့ရောက်လာသည်။ မြက်ပင်တွေက တစ်မီတာလောက်အထိ ရှည်လျားနေကာ သူမ၏ပေါင်လောက်ရောက်နေသည်။

ထိုမြက်ခင်းသို့ရောက်သည့်အခါ အနံ့ကပိုပြင်းလာသည်။ သို့သော်လည်း တစ်နေရာသို့ ရောက်သည့်အခါ အနံ့ကပျောက်သွားသည်။ သူမသည် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ သူမ၏ခြေထောက်အောက်တွင် တစ်ခုခုရှိနေကြောင်း ခံစားမိလိုက်သည်။

သူမသည် ငုံ့ထိုင်လိုက်ပြီးနောက် မြက်ပင်ရင်းများကို လိုက်ကြည့်ကာ မြက်မပေါက်သည့်နေရာကို ရှာလိုက်သည်။ ထိုနေရာ၏ မြေကြီးမှာ ပျော့နေသည်။ အောက်တွင် အပေါက်ရှိနေပုံရသဖြင့် ယုန်တွင်းဖြစ်လောက်သည်။

သူမသည် အများကြီးတွေးမနေဘဲ တူးလိုက်သည်။ သူမ၏လက်သည်းအသစ်များသည် ကျွင်းတူးရာတွင် အလွန်အသုံးဝင်နေပြန်သည်။ ဒီလက်သည်းတွေက ဇွန်ဘီခေါင်းကို ဖောက်နိုင်သဖြင့် မြေကြီးတူးရာမှာ အခက်အခဲသိပ်မရှိပေ။

သူမတူးသည့်ကျွင်းသည် ယုန်တွင်းအပေါက်နှင့် ဆက်သွားအောင် မြန်နိုင်သမျှမြန်မြန် မြေကြီးကိုတူးလေသည်။ မိနစ်အနည်းငယ်ကြာသည့်အခါ တစ်မီတာလောက် သူမတူးပြီးသွားပြီ။ သူမမြေတူးနေသည့်အချိန်တွင် မီးခိုးရောင်အရာတစ်ခုက ကျွင်းထဲမှ ထွက်လာလေသည်။

ကံကောင်းစွာဖြင့် လင်းချင်း၏လှုပ်ရှားမှုမှာ လျှင်မြန်သည်။ မီးခိုးရောင် သတ္တဝါထွက်လာသည်နှင့် လက်သည်းများဖြင့် ထိုအမွေးပွအကောင်ကို ဖမ်းလိုက်သည်။

သူမသည် မိထားသည့် အကောင်ကို သေချာကြည့်လိုက်သည်။

'ဝိုး!ယုန်အကြီးကြီးပဲ!'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now