31

2.5K 454 4
                                    

၃၁။ နယ်မြေထဲမှာ စတော်ဘယ်ရီခင်းပျိုးမယ်

နောက်ဆုံးတော့ ကလေးမလေးက အစာစားသည်ကို မြင်မှသာ လင်းချင်းသည် အနည်းငယ် စိတ်သက်သာရာရသွားသည်။ သို့သော်လည်း စတော်ဘယ်ရီသီးပဲ စားနေ၍မဖြစ်ပေ။ ထို့ကြောင့် သူမသည် အခြားအစားအသောက်များ ရှာကျွေးရမည်။ သူမသည် ကလေးမလေးအား အချိန်တစ်ခုကြာသည့်အထိ ပြန်ပေးဖို့ အစီအစဉ်မရှိသဖြင့် သူမကိုယ်တိုင်ပဲ ရှာဖွေကာ ကျွေးမွေးထားတော့မည်။

သူမကိုယ်တိုင်လည်း အဝတ်တစ်ချို့လိုအပ်နေသေးသည်။ သူမ၏ကိုယ်အဆင်ပြေဖို့လည်း နည်းလမ်းရှာရဦးမည်။ ဒီလိုထုံကျဉ်နေခြင်းက အဆင်မပြေလှပေ။ သူမ၏အဆင့်ကနိမ့်သဖြင့် စွမ်းအားသည်လည်း နည်းသေးသည်။
'ရှင်သန်ဖို့အတွက် အင်အားလိုတယ်'

လက်ရှိအခြေအနေတွင် သူမသည် အဆင့်ငါးဇွန်ဘီခေါင်းဆောင် သို့မဟုတ် သဘာဝလွန်စွမ်းအားရှင်နှင့် တိုးပါက သူမသည် အရိုက်ခံရမည်က အမှန်ပင်။ သူမ၏နယ်မြေထဲသို့ ပြေးပုန်းဖို့ အချိန်ရသည်က ကံကောင်း၍သာ။

ပြဿနာမှာ သူမက အင်အားကောင်းရန် ဘယ်လိုကြိုးစားရမလဲ မသိခြင်းသာ။

'တခြားဇွန်ဘီတွေလို ငါလည်းဇွန်ဘီတွေ လိုက်သတ် အမြူတေတွေ စုသင့်လား? အဲ့လိုဆိုမှ အဆင့်သုံးအမြူတေက ငါ့အတွက် အကျိုးသိပ်မရှိသလိုပဲ။ ဒါမှမဟုတ် သဘာဝလွန်စွမ်းအားရှင်လူသားတွေပဲ အမြူတေအတွက် သတ်လိုက်ရမလား? ဒီတိုင်းလူသားကိုတော့ ငါမသတ်ချင်ပါဘူး။ ပစ်မှတ်က မကောင်းတဲ့သူတွေပဲ. . .ဒါကအဆင်ပြေလောက်တယ်။ ဒီကမ္ဘာပျက်ကပ်ခေတ်ကြီးမှာ မကောင်းတဲ့သူတွေကတော့ မရှိဘဲမနေပါဘူး။ လုထန်ယုက မကောင်းတဲ့သူမလား? သူ့ကိုသတ်သွားတဲ့သူတွေကရော?'

တကယ်လို့ လင်းချင်းက သူမ၏အင်အားများကို ပြန်ရပါက လင်းယုံးနှင့် အခြားရန်သူများကို စိတ်ပူနေစရာမလိုပေ။ သူမက အနိုင်ရဖို့ တန်းတိုက်လိုက်ရုံတင်သာ။

ပြီးတော့လည်း သူမသည် တောင်ဘက်သို့သွားကာ သူမ၏မိသားစုများကို သွားရှာဦးမည်။ သူမ၏အင်အားများကို ကြိုကောင်းအောင် လုပ်ထားခြင်းက ပိုကောင်းလိမ့်မည်။ သူမ၏လမ်းကြောင်းတွင် ဘယ်လိုအတားအဆီးများရှိနေသလဲ သူမမသိနိုင်ပေ။ ဒီကမ္ဘာတွင် ဇွန်ဘီတွေကသာ ကြောက်စရာဟုတ်မနေပေ။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now