102

2.1K 429 10
                                    

၁၀၂။ စိတ်စွမ်းအင်ဇွန်ဘီ

"အား. . ."
လုံချင်းယင်သည် ညည်းတွားကာ ကားအမိုးပေါ်တွင် ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ရသည်။ သူမ၏ကိုယ်ကို လက်နှစ်ဖက်ဖြင့် ထိန်းထားကာ ခေါင်းသည်ငိုက်စိုက်ကျသွားပြီး မျက်နှာသည် အရမ်းနာကျင်သဖြင့် ရှုံ့မဲ့သွားသည်။

ကားထဲတွင် အဆင့်ငါးတူယွမ်ရှင်းကလွဲ၍ အခြားသူများသည် နာလွန်း၍ အော်ဟစ်နေကြသည်။

"အား!"

"အား! ငါ့ခေါင်း!"

"ဟင်!. . .ဘာ. . .ဖြစ်? ငါ့ခေါင်း!"

တူယွမ်ရှင်းသည် သူ့ခေါင်းကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ထားသည်။ တစ်ကိုယ်လုံးလည်း တွန့်လိမ်နေကာ သို့သော်လည်း အသက်ကိုပြင်းပြင်းရှုကာ သူတို့အား အခွင့်ကောင်းယူကာ ခုန်အုပ်မည့် ဇွန်ဘီကို တိုက်နိုင်သေးသည်။

သူ့လက်ဝါးမှ လျှပ်စီးများသည် ထွက်လာကာ ဇွန်ဘီများကို ပစ်လိုက်သည်။ တဖြစ်ဖြစ်အသံများနှင့်အတူ သူ့လျှပ်စီးကြောင့် ဇွန်ဘီများစွာသည် ပေါက်ကွဲသွားသည်။ သူသည် ရှားပါးသည် လျှပ်စစ်စွမ်းအားရှင် ဖြစ်သည်။ သူ့အဆင့်သည် အရမ်းမမြင့်သော်လည်း ဇွန်ဘီများကိုတော့ တိုက်နိုင်ပါသေးသည်။ လူသားများအပေါ်တွင် ထိခိုက်အောင် မလုပ်နိုင်ပေ။ သူ့စွမ်းအားကြောင့် စခန်းတွင် သူ့အားဘယ်သူမှ မဆန့်ကျင်ချင်ကြပေ။ ဘယ်သူက ဓာတ်လိုက်ခံချင်မည်နည်း? ဒါကိုတွေးမိရုံဖြင့် လူများသည် သူ့အားကြောက်ကြသည်။

ကားထဲကလူများသည် ခနလောက် အကြောသေသလို ဖြစ်သွားကြသည်။ သူတို့ခေါင်းများကို လက်ဖြင့်ကိုင်ထားကာ အံကြိတ်နေကြသည်။ သူတို့၏မျက်နှာတွင် သူတို့၏နာကျင်မှုက ထင်ဟပ်နေသည်။

"တောက်! ဒါ. . .စိတ်နဲ့တိုက်နေတာ. . .ဟုတ်တယ်မလား?"
ချိုင်ဟုန်ချင်းသည် အံကြိတ်ရင်းမေးသည်။ သူသည် နာကျင်မှုသက်သာအောင် ခေါင်းကို တစ်ခုခုဖြင့် တိုက်တောင် ပစ်ချင်နေသည်။

"အရမ်းနာတာပဲ. . .ရွှန်း အဆင်ပြေလား? ရွှန်း? ရွှန်း?"

ကားနောက်ခန်းက လူများသည် အဖွဲ့ထဲက အားအနည်းဆုံး သာမန်လူဖြစ်သည့်သူက ပါးစပ်ကနေ အမြုပ်များထွက်ရင်း မျက်စိကလန်နေသည်ကို ကြည့်ရင်း အော်တော့သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now