197

1.2K 264 1
                                    

၁၉၇။ အတည်ပြုထားတဲ့သရုပ်မှန်

လုထန်ရိ၏ လှုပ်ရှားမှုများသည် ပုံမှန်ထက်နှေးသလို ဖြစ်နေသဖြင့် ကောင်းချင်းမင်းက လင်းချင်းကို သူ့အစားမေးပေးလာသည်။

"သေချာလား? ဒါတွေက သန္ဓေပြောင်းတွေ။ ငါတို့ကို သတ်ဖို့လုပ်နေတာတော့ မဟုတ်ဘူးမလား? ဘယ်တုန်းကမှ နင်သူ့ကို ဂရုစိုက်ဖူးတာလည်း မဟုတ်ဘူးမလား?"

သူသည် လုထန်ရိနှင့် လင်းချင်း၏ကိုယ်ပိုင်ရှင်တို့ ဆက်ဆံရေးကို ပြောင်ပဲထောက်ပြောလိုက်သဖြင့် လင်းချင်းသည် ပြုံးလိုက်ကာ မီးဖိုဘေးကခုံတွင် သွားထိုင်လိုက်သည်။ လုထန်ရိတို့နှစ်ယောက်သည် သူမ၏အပြုံးမှ အထင်သေးမှုကို သိလိုက်သည်။ လင်းချင်းက ထိုင်လိုက်ပြီးမှ သူတို့ကို မော့ကြည့်ကာ
"စားရဲလား?"

ဒါပဲပြောလိုက်သော်လည်း နှစ်ယောက်လုံးသည် ရန်စခံလိုက်ရသလို ဖြစ်သွားသည်။ လင်းချင်းသည် သူတို့က ဒီအသီးကိုစားအောင် တမင်ပြောလိုက်တာ ဖြစ်သည်။ လုထန်ရိက

စတော်ဘယ်ရီသီးကို မျက်လုံးအနားသို့တိုး၍ သေချာကပ်ကြည့်လိုက်သည်။ အသီးမှာ အရမ်းကြီးကာ ထူးဆန်းသည့်အရောင်နှင့်ဖြစ်သော်လည်း အနံ့ခံကြည့်သည့်အခါ စိတ်ရှင်းသည့်အသံပြင်းပြင်းလေးကို ရနေသည်။ လင်းချင်း၏နယ်မြေထဲတွင် စိုက်တာမဟုတ်ဘဲ လင်းချင်း၏ကန်ရေဖြင့် လောင်းပေးမထားလျှင် ဒီလိုမဖြစ်ဘူး ဆိုသည်ကိုတော့ မသိပေ။ လုထန်ရိသည် လင်းချင်းကို ကြည့်ကာပြောသည်။

"ဝန်ခံထားမှတော့ ငါဒါကိုစားစား မစားစား နင့်မျက်လုံးကို ပြပြမပြပြ ဘာမှအရေးမကြီးတော့ဘူး။ ဒါပင်မယ့် နင်အခုငါ့ကိုကြည့်"

ဒီမိန်းမက အရင်ကနှင့် မတူတော့တာသည်ကိုတော့ သူသိနေသည်။ လင်းချင်းကို သူသည် စိတ်ရှုပ်စွာဖြင့်ကြည့်လိုက်ပြီးနောက် စတော်ဘယ်ရီသီးကို ပါးစပ်ထဲထည့်ကာ ကိုက်စားလိုက်သည်။

"ဟေ့ မင်းသေချင်ရင်တောင် ဒီလိုလုပ်စရာမလိုပါဘူး"
ကောင်းချင်းမင်းသည် ကြောင်အသွားသည်။ စတော်ဘယ်ရီများက အဆိပ်ရှိမရှိ မသိသော်လည်း သန္ဓေပြောင်းနေသဖြင့် ဇွန်ဘီပိုးရှိနေမှာ သေချာသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now