60

2.5K 477 7
                                    

၆၀။ အဆင့်ငါးဇွန်ဘီကို တိုက်ခိုက်ခြင်း

ရှဲ့တုန်းသည် နယ်မြေလေးထဲတွင်နေကာ သူ့မီးစွမ်းအားကို ထိန်းချုပ်ဖို့ ကျင့်နေသည်။ ဝူယွဲ့လင်းသည်လည်း ရေချိုးပေးပြီးတည်းက သူမအနောက်သို့ ကပ်လိုက်မနေတော့ပေ။ ယုန်တစ်ကောင်ကိုပိုက်ထားရင် ကုတင်ပေါ်တွင်သာ ဆော့နေလို့သည်။ သူမအား ခေါင်းတောင်မော့ကြည့်တာမျိုး သိပ်မလုပ်တော့ပေ။

လင်းချင်းသည် ကြွက်များကိုရှာမတွေ့တော့သည့်အခါ လက်လျှော့လိုက်သည်။ ဘာဖြစ်လို့ ရှာမတွေ့သလဲ သူမကိုယ်တိုင်လည်း မသိတော့ပေ။ ကြွက်တော့က မိုးပေါ်ပျံသွားတာတော့ မဟုတ်လောက်ဘူးမလား?

သူမသည် ကန်ဘေးက ပြန့်ပြူးသည့် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ကာ မျက်လုံးကိုမှိတ်လိုက်ပြီး အပြင်အခြေအနေကို ကြည့်လိုက်သည်။ အဆင့်သုံးဇွန်ဘီများသည် အဝေးပြေးလမ်းမပေါ်တွင် ရှိနေဆဲဖြစ်ကာ ပြန်မယ့်ပုံမရသေးပေ။ ကြည့်ရသည်မှာ ဒီဇွန်ဘီများသည် တစ်ခုခုကို မတွေ့မချင်း ပြန်မည့်ပုံမရပေ။ လင်းချင်းသည် ဒါကိုတွေးမိတိုင်း ခေါင်းကိုက်လာသလိုပင်။

'ဇွန်ဘီဖြစ်ပြီးတော့ အငြိုးကြီးလိုက်တာ။ နင့်အစာကိုလုမိတာကလွဲရင် ငါဘာလုပ်မိလို့လဲ? ဒါကိုနင်က တောက်လျှောက်လိုက်နေတော့တာပဲ'
လင်းချင်းသည် စိတ်ထဲကတွေးနေမိသည်။ ဒီဇွန်ဘီသည် အခြားဇွန်ဘီများထက် ညဏ်ပိုကောင်းသော်လည်း အငြိုးကလည်း ပိုကြီးနေပြန်သည်။

ဒီဇွန်ဘီက သူမ၏အိမ်ပြန်လမ်းတွင် လမ်းလာပိတ်နေခြင်းကို သူမသည်းမခံနိုင်တော့ပေ။ ထို့အတူ ဒီဇွန်ဘီအနားလာသည်နှင့် ပြေးပုန်းနေရသည်ကို တကယ်စိတ်ပျက်လာလေပြီ။ ထို့ကြောင့် သူမသည် ထွက်တိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။

'ငါရှုံးသွားရင် ပုန်းနေလိုက်လို့ ရသေးတယ်။ ငါအခုပိုပြီးတော့ မြန်မြန်ပြေးနိုင်နေပြီ။ တခြားအဆင့်မြင့်ဇွန်ဘီတွေလို လေးဖက်ထောက်ပြီး ပြေးလို့ကတော့ ပိုတောင်မြန်ဦးမယ်။ ဒါပင်မယ့်လည်း ဒါမျိုးကြီးကတော့ ရုပ်ပျက်လွန်းလို့ ငါမလုပ်ချင်ပါဘူး။ ဒါပင်မယ့်လည်း ခြေနှစ်ဖက်နဲ့တင် ငါပြေးတာက အတော်မြန်နေပါပြီ'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now