187

1.3K 257 1
                                    

၁၈၇။ လျှပ်စစ်စက်ရုံကြီး

နှစ်မိုင်ဆိုသည်မှာ လင်းချင်းအတွက်တော့ မဝေးပေ။ ဒီနေရာသည် စက်မှုနယ်မြေဖြစ်လေရာ စက်ရုံများစွာက နီးကပ်စွာဖြင့် တည်ရှိနေကြသည်။ ထို့ကြောင့် လင်းချင်းနှင့် ရှဲ့တုန်းတို့သည် အမိုးများပေါ်ကနေ လွယ်ကူစွာ ခုန်လွှားသွား၍ရနိုင်သည်။

မိနစ်အနည်းငယ်အတွင်းမှာ လင်းချင်းသည် လျှပ်စစ်စက်ရုံကြီးဆီသို့ ရောက်သွားသည်။ ထိုစက်ရုံကြီးထဲတွင် အနည်းဆုံးဆယ်ထပ်ရှိသည့် စက်ရုံအဆောက်အအုံ ၅ခု၆ခုလောက်ရှိပြီး ၇ထပ်လောက်ရှိသည့် အိပ်ဆောင်၂၀လောက်ရှိသည်။ ထိုစက်ရုံကို AမှDအထိ လေးပိုင်းခွဲထားကာ လင်းချင်းသည် အိပ်ဆောင်ပိုင်းတွင် ရောက်ရှိနေသည်။

သူမသည် အမိုးပေါ်ကနေ ကြည့်လိုက်သည့်အခါ စက်ရုံဝင်းထဲတွင် ဇွန်ဘီများစွာက သွားလာနေကြောင်း တွေ့လိုက်ရသည်။ သူမသည် ထိုဇွန်ဘီများကို နားမလည်စွာ ကြည့်လိုက်သည်။ အဆင့်၄ဇွန်ဘီသည် ဒီနေရာတွင် ရှိသည်က သေချာသဖြင့် သာမန်ဇွန်ဘီများက ဒီနေရာတွင် ရှိနေသည်မှာ ပုံမှန်မဟုတ်ပေ။

'ဒါဆိုရင် ဒီမှာဘာဖြစ်နေတာလဲ? ဘာဖြစ်လို့ အဆင့်၄ဇွန်ဘီက သာမန်ဇွန်ဘီတွေကို ဒီမှာနေခိုင်းထားတာလဲ? ဘာဖြစ်လို့ မောင်းမထုတ်တာလဲ?'

လင်းချင်းက စူးစမ်းနေတုန်းအချိန်မှာ ရှဲ့တုန်းသည် နှေးကွေးစွာဖြင့် အဆောက်အဦး၏ အခြားတစ်ဖက်ကနေ တက်လာသည်။ သူမက ငုံ့ကြည့်နေသည်ကို မြင်သည့်အခါ သူလည်း ဘာကြည့်နေသလဲသိရအောင် လိုက်ငုံ့ကြည့်ဖို့ လုပ်သည်။ ထို့ကြောင့် လက်တန်းကိုလက်ဖြင့်ကိုင်ကာ ငုံကြည့်လိုက်သည်။ မကြာခင်တွင် ဇွန်ဘီများစွာကို တွေ့ရသဖြင့် လင်းချင်းဘာကိုကြည့်နေမှန်း သိသွားသည်။ သူသည် ခေါင်းမော့ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သော် အပြင်ဘက်တွင် ဇွန်ဘီများမရှိဘဲ ဒီနေရာတွင်မှ ဘာဖြစ်လို့ ဇွန်ဘီတွေစုနေသလဲ မသိတော့ပေ။

ထိုအချိန်တွင် သူတို့မမြင်နိုင်သည့် အောက်ဘက်တွင် ဇွန်ဘီသုံးထောင်လောက်သည် နေရာလွတ်မကျန်အောင်ကို စုနေကြသည်။ စက်ရုံသည် ကမ္ဘာပျက်ခေတ်မတိုင်ခင်က အလုပ်သမားသုံးထောင်လောက်ရှိခဲ့ပုံရသဖြင့် ဒီဇွန်ဘီများက ဒီလိုစုမိနေတာ ဖြစ်မည်ဟု လင်းချင်းက ထင်လိုက်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now