115

1.9K 392 4
                                    

၁၁၅။ တိုက်ပွဲ

မီးနဂါးသည် ဆင်းလာသည်နှင့် လုံချင်းယင်လည်း လက်နှစ်ဖက်ကို မြှောက်ကာ အရှေ့သို့ တွန်းထုတ်လိုက်သည်။ သူမ၏လှုပ်ရှားမှုနောက်တွင် ရာပေါင်းများစွာက သတ္တူပစ္စည်းများသည် သူမ၏အရှေ့သို့ရောက်လာက စုပေါင်းပြီး ဒိုင်းတစ်ခုလို သူမနှင့် တူယွမ်ရှင်းကို ကာကွယ်ပေးထားသည်။

မီးနဂါးသည် မြင့်မားလွန်းသည့် အပူချိန်ဖြင့် လုံချင်းယင်၏ ဒိုင်းကိုဝင်တိုက်သည်။ ဆူညံ့သံများနှင့်အတူ မီးနဂါးသည် ရပ်သွားသော်လည်း လုံချင်းယင်ကတော့ ခြေထောက်များ ကွေးကျသွားကာ နာကျင်မှုကြောင့် ညည်းသံတောင် ထွက်လာသည်။ မကြာခင်တွင် သူမသည် ပြန်ရပ်ကာ မီးနဂါးအား ပြနတွန်းသည်။ သူမ၏မျက်နှာသည် ဖြူဖပ်နေကာ အံကိုတင်းနေအောင် ကြိတ်ထားသည်။ သွေးစက်များသည် နှုတ်ခမ်းထောင့်မှနေ အပြင်သို့ ကျဆင်းလာသည်။

"မင်းက အတော်သန်တာပဲ။ ဘယ်လောက် တောင့်ခံနိုင်မလဲ ငါသိချင်တယ်"

ဟောင်ဝူသည် နှာခေါင်းရှုံ့ကာ လက်ကိုယမ်းလိုက်သည်။ မီးနဂါးသ် ကောင်းကင်သို့ပြန်တက်သွားပြီးနောက် လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို ထပ်ဆင်းတိုက်ပြန်သည်။ ဒီလိုဆင်းလာစဉ်တွင် နဂါးခေါင်းကြီးသည် ပိုကြီးလာခဲ့သည်။ အော်သံသည်လည်း ပြင်းထန်သည့် ဟာရီကိန်းလိုမျိုး အော်သံဖြင့် ဖြစ်သည်။

"မဟုတ်ဘူး! နင်မခံနိုင်တော့ဘူး! ဖယ်တော့!"
တူယွမ်ရှင်းသည် နဂါးခေါင်းကြီးလာသည်ကို မြင်သည့်အခါ ပြောသည်။ သူသည် အော်ရင်းဖြင့် လုံချင်းယင်ကိုပြေးတွန်းကာ အမြန်ရှောင်လိုက်သည်။

မီးနဂါးခေါင်းကြီးသည် သူတို့အရင်ကရပ်ခဲ့သည့်နေရာတွင် ပြင်းထန်စွာကျလာကာ မိုးခြိမ်းသံလို ဆူညံ့သည့်အသံများဖြင့် သူမ၏ဒိုင်းသည် တစစီပြိုကွဲသွားသည်။ ထို့နောက် သံထည်ပစ္စည်းများသည် မြေပြင်ပေါ်သို့ ပြန့်ကျဲကာကျလာသည်။ မီးနဂါးသည် သံဒိုင်းပျက်သွားသည်နှင့် ပျောက်ကွယ်မသွားသေးဘဲ မြေပြင်တွင် ခွေလိုက်ပြီးသည့်အခါ သူ့ခေါင်းကြီးသည် ပြန်ပေါ်လို့လာသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now