178

1.5K 310 3
                                    

၁၇၈။ မေးချင်သလောက်မေး

လိပ်ကိုလှောင်ချိုင့်ထဲသို့ ပေါ့ပေါ့လေးထည့်လိုက်သည်ကို မြင်သည့်အခါ အခြားသူများသည် အံ့သြတကြီးဖြင့် အနားသို့လာကြည့်ကြသည်။

"လိပ်ရောဟုတ်လို့လား? ဘာဖြစ်လို့ ယုန်ထက်မြန်နေတာလဲ?"

လင်းချင်းသည် လှောင်ချိုင့်ထဲကို လက်ထဲ၍ လှုပ်လိုက်သည်။ ထိုအခါ သူမ၏နယ်မြေထဲမှ အခြားလိပ်များသည် လှောင်ချိုင့်ထဲသို့ ပြုတ်ကျလာတော့သည်။ လိပ်အုပ်ကြီးသည် လှောင်ချိုင့်ထဲတွင် ပြေးလွှားနေကြရာ ဆူညံ့နေသည့်အသံများက ကျယ်လောင်စွာ ထွက်ပေါ်နေတော့သည်။

ဟိုတယ်အခန်းထဲကလူများသည် ဆူညံသံများကိုကြားသည့်အခါ ပြတင်းပေါက်ကနေ ကြည့်ကြသည်။

"ဟင်? သူတို့ဘာလုပ်နေကြတာလဲ?"

"လှောင်ချိုင့်ကကြီးလိုက်တာ။ ဘာတွေလှောင်ထည့်ထားတာလဲ? အကောင်တွေက အရမ်းကြီးနေတာပဲ။ ကြည့်ရတာ လိပ်ကြီးတွေကျလို့?"

"လိပ်တွေလား? ဒီလောက်အပြေးမြန်တဲ့လိပ်ကို မြင်ဖူးကြလို့လား?"

"တကယ်လိပ်တွေ! ဒါပင်မယ့် သန္ဓေပြောင်းတွေထင်တယ်။ ဘာဖြစ်လို့ လုထန်ယုက ဒီလိပ်တွေကို လှောင်ထားတာလဲ?"

"ဘယ်သူသိမှာလဲ? သူကတကယ်ထူးဆန်းတယ်"

လုံချင်းယင်သည် မနေနိုင်ဘဲ မေးတော့သည်။
"မနေ့ညက လိပ်တွေသွားဖမ်းတာလား? နင်စားမှာမလို့လား?"

လင်းချင်းက သန္ဓေပြောင်းတိရစ္ဆာန်များကို စားကြောင်းကို သိလေရာ လိပ်များကိုမြင်တော့ အစာဖြစ်မည့်အကြောင်း သိလိုက်သည်။

လင်းချင်းသည် နေကာမျက်မှန်ကို ပြန်တပ်လိုက်ပြီးနောက် ပြုံးရင်းဖြင့် ခေါင်းငြိမ့်ပြသည်။

"ဒါဆိုရင် ဒါတွေစားတယ်ပေါ့။ လူသားမစားတာ မထူးဆန်းတော့ပါဘူး"
လင်းဝမ်ဝမ်က ပြောသည်။

"ဒါပင်မယ့် လိပ်တွေက သန္ဓေပြောင်းတွေ။ ပိုးရှိမယ်လို့ထင်တယ်။ နင်ကဇွန်ဘီဆိုတော့ ထပ်မကူးနိုင်တော့ပင်မယ့် ဒီမှာလိပ်တွေလှောင်ထားလို့ လှောင်ချိုင့်ထဲကလွတ်သွားပြီး ငါတို့ကိုကိုက်ရင်ရော?"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now