200

2.7K 319 9
                                    

၂၀၀။ မိုးကြိုးနဲ့ မြူခိုးနက်

ထူးဆန်းကာ အားကောင်းသည့် ဇွန်ဘီသည် ထောင်ချောက်မိသွားသည့်အခါ လူသားအုပ်စုသည် စိတ်သက်သာရာရကာ ချက်ချင်းပဲ လုံခြုံသည့်နေရာသို့ နောက်ဆုတ်ကြသည်။

"အဆင့်ဘယ်လောက်လဲ? ဘာဖြစ်လို့ ဒီလောက်အရပ်ရှည်ပြီး သန်မာနေရတာလဲ? ဇွန်ဘီဘုရင် မဖြစ်ခင်တည်းက အရပ်ရှည်လို့များလား?"

"ငါလည်းမထင်ဘူး။ သူ့ကြွက်သားတွေဆီကနေ အရမ်းအားကောင်းတဲ့ စွမ်းအင်ကို ငါအာရုံခံမိတယ်။ ဇွန်ဘီဖြစ်မှ ဒီလိုဖြစ်သွားတာ ဖြစ်မယ်"

"ဒါဆိုရင် အဆင့်ဘယ်လောက်လဲ? ပြီးတော့ သူ့မျက်လုံးတွေက ခရမ်းရောင်တောက်နေတယ်။ ဒီလိုဇွန်ဘီမျိုးကို ငါမမြင်ဖူးဘူး"

"ငါလည်းဘယ်မသိလဲကွ။ ဒါပင်မယ့် ခုနက ငါတို့မြင့်ခဲ့တဲ့ ဇွန်ဘီခေါင်းဆောင်တွေထက်တော့ အဆင့်မြင့်မယ်လို့ ငါပြောရဲတယ်။ အဆင့်ခြောက်ဆိုတော့ ဇွန်ဘီဘုရင်များလား?"

"ဇွန်ဘီဘုရင်!"

ထိုအခါ အခြားသူများသည် ကြက်သီးထ၍ ခေါင်းဦးရေပြားတောင် စပ်ဖျင်းဖျင်းဖြစ်သွားသလိုပင်။

"မြန်မြန် မြန်မြန် မြန်မြန်! မလွတ်ခင် ငါတို့ဝေးရာပြေးကြရအောင်!"

"ဟိုအမျိုးသမီးကို ဘယ်လိုလုပ်ကြမလဲ?"

"ဘယ်အမျိုးသမီး! သူပျောက်သွားပြီဆိုတာ မင်းမမြင်ဘူးလား! ရူးနေလား? သူ့မှာနယ်မြေရှိတယ်ကွ ဇွန်ဘီကိုမတိုက်နိုင်ရင် နယ်မြေထဲကို ဝင်ပုန်းလိုက်ရုံပဲ သူကဘာဖြစ်မှာ မလို့လဲ? ငါတို့အတွက်သာ ဒီမှာနေဖို့ အန္တရာယ်များတာ။ ပြီးတော့ သူ့ကိုငါတို့က သွားနှောင့်ယှက်နေသလိုဖြစ်နေလိမ့်မယ်။ သွားမယ်! လာသွားကြစို့"

ဒီလိုပြောပြီးနောက် လူငါးယောက်သည် ပိုဝေးသည့်နေရာသို့ တပ်ဆုတ်သွားကြသည်။

မိုးကြိုးဇွန်ဘီဘုရင်သည် သူတို့ကို အခုအချိန်မှာ အာရုံမစိုက်နိုင်သေးပေ။ သူ့ကိုယ်ပေါ်က မြူခိုးနက်များကို ခြစ်ထုတ်နေသော်လည်း မရနိုင်သဖြင့် သူ့သွေးနှင့်ကြွက်သားများ ပျောက်ကွယ်နေသည်ကို ကြည့်နေရသလို ဖြစ်နေသည်။ ထို့နောက် သူ့ကိုယ်ကနေ မိုးကြိုးများထုတ်ကာ မြူခိုးနက်များကို ရှင်းဖို့လုပ်တော့သည်။

You've reached the end of published parts.

⏰ Last updated: May 24, 2022 ⏰

Add this story to your Library to get notified about new parts!

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now