122

1.9K 372 7
                                    

၁၁၂။ ခိုးတိုက်ခြင်း

"တောက် ဘယ်သူလဲ? မင်းမျက်ခွက်ကိုပြစမ်း! ငကြောက်ကောင်! ငါနဲ့မျက်နှာချင်းဆိုင် လာတိုက်စမ်းပါ!"

သူ့မျက်လုံးရှေ့တွင် လူတွေက တတိယအကြိမ်မြောက် ထပ်ပျောက်သွားသည့်အခါ ဟောင်ဝူသည် ဘေးပတ်လည်ကိုကြည့်ရင်း ဒေါသတကြီးအော်ဟစ်သည်။ သို့သော်လည်း ဘာမှဖြစ်မလာပေ။ သူသည် စိတ်လွတ်တော့မတက် ဒေါသထွက်လာသည့်အခါ သူ့မီးနဂါးများသည် ကောင်းကင်ပေါ်တွင် ဝဲပျံနေရင်းက ရူးသွပ်စွာကခုန်နေသည့်အလား အဆောက်အဦးများနှင့် သစ်ပင်များကို ဖျက်စီးကာ မီးတောက်များကို ချန်ထားခဲ့သည်။

ထိုအချိန်တွင် လင်းချင်း၏ နယ်မြေထဲ၌ ယန်ချောင်းသည် ဘာဖြစ်နေမှန်း မသိသေးပေ။ အစတုန်းက သူ့လက်ကို တစ်စုံတစ်ယောက်က ဆွဲလိုက်သည်နှင့် သူ့မျက်လုံးများ ဝေဝါးသွားသည်။ သူသေချာပြန်မြင်ရသည့်အခါ သူသည် တခြားနေရာသို့ ရောက်နေပြီ။

"ဟင်. . .အစ်"

ဒီထူးဆန်းသည့်အရာက ဘာလဲဆိုသည်ကို သူမသိခင်တွင်ပဲ သူ့လည်ပင်းသို့ လက်တစ်ဖက်က ညှစ်ထားကာ သူသည်အသက်ရှုကျပ်လာပြီး ရုန်းကန်နေရသည်။ ထိုလက်ပိုင်ရှင်သည် သူ့အနောက်ကနေ လည်ပင်းကို ညှစ်ထားတာသဖြင့် သူလွယ်လွယ်ရုန်း၍မရပေ။ ထိုလက်သည် ပို၍တင်းလို့လာသည်။ ဒီလက်သည် သူ့လည်ပင်းကို ချိုးပစ်နိုင်သလိုတောင် ယုံကြည်လာသည်။

"ယန်ချောင်း! ဟား မင်းကိုထပ်တွေ့ရမယ်လို့ မထင်ဘူး!"

ယုတ်မာစွာရယ်နေသည့် ထိုအသံကို သူ့နောက်မှကြားရသည်။ ယန်းချောင်းသည် ထိုလူမှာ သူ့ကိုကိုက်စားပစ်လောက်သည့်အထိ မုန်းလောက်မည်ဖြစ်ကြောင်း ခံစားရသည်။

ယန်ချောင်းသည် ထိုအသံကိုကြားသည့်အခါ ကြောင်အသွားသည်။ သူသည်ချက်ချင်း ထိုအသံလာရာကို လှည့်ကြည့်ဖို့လုပ်သော်လည်း ခေါင်းကလှည့်မရသဖြင့် မမြင်ရပေ။ သို့သော်လည်း ဒီအသံကိုသူမှတ်မိသည်။

"ခေါင်းဆောင် စကားပြောချင်ရင်လည်း မျက်နှာချင်းဆိုင် ပြောပါလား? ဘာဖြစ်လို့ နောက်မှာပုန်းနေတာလဲ?"
ယန်ချောင်းသည် အနည်းငယ်ကြောက်သွားကာ တည်ငြိမ်ချင်ယောင်ဆောင်ရင်း ရွဲ့တဲ့တဲ့ပြောသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now