120

2.2K 421 23
                                    

၁၂၀။ ကြင်နာချင်ယောင်ဆောင်

လင်းချင်းသည် ငရဲမီးခေါင်းဆောင်က သူမဖြစ်ခဲ့ကြောင်း ယုံကြည်သွားလေရာ အဲ့ဒီယန်ကျင်းဟွာဆိုသည့်ကောင်ကို သူမသိဖို့လိုသည်။ ဘယ်လိုပဲဖြစ်ဖြစ် သူမသည် မရင်းနှီးသည့်သူကို ညာလက်ရုံးခန့်မှာတော့ မဟုတ်လောက်ပေ။ သူမ၏အသိထဲတွင် ယန်ကျင်းဟွာဆိုသည့်သူ မရှိလေရာ ထိုလူက ဘယ်ကရောက်လာသလဲ သိချင်သည်။

လုံချင်းယင်က သူမစာကိုဖတ်ပြီးနောက် ဖြေသည်။

"ယန်ကျင်းဟွာကို စခန်းခေါင်းဆောင်က ကမ္ဘာပျက်ပြီးနောက်မှ တွေ့တာ။ စခန်းခေါင်းဆောင် သေမလိုဖြစ်နေတဲ့အချိန်မှာ သူကလာကယ်တာမလို့ စခန်းခေါင်းဆောင်တို့မိသားစုက သူတို့အသက်သခင်ကျေးဇူးရှင်လို့ မြင်ကြတယ်လို့ ပြောသံကြားတယ်။ ဒါပင်မယ့်လည်း စခန်းခေါင်းဆောင်မသိတာက အဲ့ဒီအချိန် ဇွန်ဘီမြို့တော်ထဲမှာ ပိတ်မိနေရာတဲ့ အကြောင်းအရင်းက ယန်းကျင်းဟွာကြောင့်! "

ဒါကိုကြားသည့်အခါ လင်းချင်းသည် မျက်မှောင်ကျုံ့လိုက်သည်။ သူမအတွက် အဖြေရှာစရာ အများကြီးလိုနေပြီ။

သူမနှင့်မတူညီစွာ တူယွမ်ရှင်းသည် မျက်နှာပျက်သွားကာ လုံချင်းယင်အား မယုံနိုင်စရာ ထအော်ပြောသည်။

"ဘာလဲ? ယန်ကျင်းဟွာက စခန်းခေါင်းဆောင်ကို တမင်ထောင်ချောက်ဆင် ဖမ်းပြီးမှ လာကယ်တယ်လား? ဘာဖြစ်လို့လဲ? အဲ့ဒီအချိန်တုန်းက စခန်းခေါင်းဆောင်က မသန်မာသေးဘူးမလား? နောက်ကျရင် စခန်းထောင်မယ်ဆိုတာကို သူကကြိုအကြားအမြင်ရနေလို့လား?"

လုံချင်းယင်သည် သူ့ကိုကြည့်ကာ
"မဟုတ်ဘူး။ လင်းဝမ်ဝမ်ကို လိုချင်လို့ ယန်ကျင်းဟွာက ဂွင်ဆင်တာ။ ဒီမိသားစုနဲ့ ရင်းနှီးဖို့ သူအခွင့်အရေးလိုတယ်လေ။ ငရဲမီးခေါင်းဆောင်က အားနည်းနေသေးတဲ့ အချိန်မှာ ထောင်ချောက်ဆင်ဖမ်းပြီး ပြန်ကယ်ထားတာ။ သနားဖို့ကောင်းတဲ့ ငါတို့ခေါင်းဆောင် . . .သူကတော့ ကျေးဇူးကြွေးမှတ်ပြီး အဲ့ခွေးကောင် သန်မာလာဖို့ ဘေးကိုခေါ်ထားပြီး ထောက်ပံ့ပေးနေခဲ့တာ။ ဒါပင်မယ့် အဲ့ဒီယုတ်မာတဲ့ ဆန်ကုန်မြေလေးက ခေါင်းဆောင်တို့မိသားစုရဲ့ ကျေးဇူးကို မသိတက်တဲ့အပြင် လင်းဝမ်ဝမ်ကို တချိန်လုံး လိုက်နှောင့်ယှက်နေတာ! "

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now