125

2K 374 11
                                    

၁၂၅။ အဖွဲ့ထဲဝင်လာတဲ့နှစ်ယောက်

ကိုယ်ပျောက်နေသည့် လင်းချင်း၏ ကိုယ်သည် ပိုပေါ့ပါးကာ လျင်မြန်သဖြင့် အဆောက်အဦးတစ်ခုပေါ်မှ တစ်ခုသို့ကူး၍ရသည်။ သူမသည် အခုဆိုလျှင် ၇မီတာ ၈မီတာလောက်ဝေးသည့် အောက်ကအဆောက်အဦးတစ်ခုပေါ်တွင် ရောက်နေပြီ ဖြစ်သည်။

သူမသည် ပျံသန်းနေရသလိုမျိုး အံ့သြစရာကောင်းသည့် ခံစားမှုကို ခံစားရသည်။ အနည်းငယ်ခုန်ကြည့်ပြီးသည့်အခါ သူမသည် ဒီခံစားချက်ကို တကယ်နှစ်သက်သွားသည်။ လင်းချင်းသည် ကျားသစ်တစ်ကောင်လိုမျိုး အမိုးများပေါ်တွင် ခုန်လို့နေသည်။ ဆယ်မိနစ်လောက်ကြာသည့်အခါ သူမသည် ဟောင်ဝူနှင့် ဆယ်မီတာလောက် အကွာသို့ အဝေးကို ရောက်လာမှ ကိုယ်ပြန်ဖော်လိုက်သည်။

အဖြူရောင်သဏ္ဍာန်တစ်ခုက သူမအနောက်သို့ လိုက်လာသော်လည်း လင်းချင်းလို ခုန်လာတာတော့ မဟုတ်ပေ။ ချူးလီလီသည် လေထဲမှာ ကျော့ရှင်းစွာ ရပ်နေတာဖြစ်သည်။ သူမသည် လေကိုဖြတ်သန်းကာ နေရာတစ်ခုမှတစ်ခု ချက်ချင်းပြောင်းလိုက်သည်။ သိပ်မကြာခင်တွင်ပဲ လင်းချင်း၏ဘေးသို့ ရောက်လာသည်။ အောက်တွင်တော့ သူမ၏အနောက်သို့ ဇွန်ဘီနှစ်ကောင်က လိုက်လာသည်။

လင်းချင်းရပ်နေသည်ကို မြင်သည့်အခါ ချူးလီလီသည် သူမ၏ဘေးတွင်ရပ်လိုက်ပြီး လင်းချင်းအား

"ဂါး?"
'လူသားနှစ်ယောက် ဘယ်မှာလဲ?'

လင်းချင်းက လုံချင်းယင်နှင့် တူယွမ်ရှင်းတို့ကို သူမ၏နယ်မြေထဲသို့ ထည့်လိုက်သည်ကို သူမမြင်လိုက်တာ ဖြစ်သည်။

လင်းချင်းသည် စာရေးပြလိုက်သည်။
'ပင်လယ်မြို့တော် အခြေစိုက်စခန်းကို လူသွားရှာမှာကို သူတို့ပါလိုက်လာမှာ'

"ဂါး?"
'ပင်လယ်မြို့တော်ကိုပြန်မှာလား?'

ချူးလီလီသည် လင်းချင်းအား စိတ်ရှုပ်စွာ ကြည့်ရင်းတွေးနေမိသည်။
'ဒီကိုလူရှာဖို့လာတာ မဟုတ်ဘူးလား?'

လင်းချင်းက ခေါင်းငြိမ့်ကာ ရေးပြသည်။
'ငါရှာနေတဲ့သူတွေက အခုပင်လယ်စခန်းမြို့တော်မှာတဲ့'

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now