164

1.8K 351 10
                                    

၁၆၄။ နောက်ဇွန်ဘီတစ်ကောင်

ရှန်ချန်းမင်း၏ကားထဲက လူများနှင့်မတူဘဲ နောက်ကားထဲမှ လူများသည် ဝမ်းနည်းနေကြသည်။ လုတုယောင်က အခြားသူများကို ဘာဖြစ်သလဲဆိုသည်ကို ပြောပြသည့်အခါ သူတို့သည် ပူဆွေးသည့်အမူအယာဖြင့် မျက်မှောင်များကျုံ့လိုက်ကြသည်။

ကျောင်းလီတသည် သူတို့ကပ္ပတိန်ဖြစ်ကာ ရှန်ချန်းမင်းတို့၏ အဖွဲ့နှင့် ခနပူးပေါင်းခြင်း ဖြစ်သည်။ စခန်းတွင် ရှန်ချန်းမင်းတို့အဖွဲ့အား မကြာခနမြင်ဖူးသော်လည်း သူတို့ကိုတော့ သေချာမရင်းနှီးပေ။ သူတို့ကပ္ပတိန်သည် အခုသေဆုံးသွားလေရာ သူတို့အဖွဲ့သည် အားနည်းသွားလေပြီ။ ထို့ကြောင့် စခန်းရှိ သူတို့၏လုပ်ဆောင်ချက်များသည်လည်း အကန့်အသတ်ဖြင့်သာ ဖြစ်တော့မည်။

"ဘယ်သူလဲ? တကယ်လို့ သူကသာ အရမ်းအစွမ်းရှိနေရင် သူ့နာမည်ကို စခန်းမှာ ငါတို့ကြားဖူးရမှာပဲမလား?"
တစ်စုံတစ်ယောက်က မေးသည်။

လုတုယောင်သည် ခေါင်းကိုခါကာ ဖြေသည်။
"မိန်းမတစ်ယောက်ပဲ။ ဦးထုပ်နဲ့ မျက်မှန်နဲ့ဆိုတော့ အတော်ထူးဆန်းတဲ့ပုံပဲ။ စခန်းမှာတော့ သူ့ကိုတစ်ခါမှ မတွေ့ဖူးဘူး"

"မိန်းမ? စခန်းက အဆင့်၆ ဒါမှမဟုတ် အဆင့်၇ထဲမှာ မိန်းမဆိုလို့ ဒုခေါင်းဆောင်ယန်ပဲရှိတာ။ ဒီကိုရောက်လာလို့လား?"
တစ်ယောက်က တအံ့တသဖြင့် မေးသည်။

လုတုယောင်သည် ခေါင်းကိုထပ်ခါကာ
"ဒုခေါင်းဆောင်ယန်မဟုတ်ဘူး။ ငါတို့အကုန်လုံးက ဒုခေါင်းဆောင်ယန်ကို သိပင်မယ့် ဒီမိန်းမကိုတော့ ငါမသိဘူး"

အခြားသူများသည် သူတို့အချင်းချင်းကြည့်ကာ ဒီထူးဆန်းသည့်မိန်းမက ဘယ်သူဖြစ်နိုင်သလဲကို တွေးနေကြသည်။

တစ်ဖက်တွင်တော့ ချူးလီလီနှင့် ကျွင်းကျွင်းတို့သည် ဟိုတယ်၏အဝသို့ ရောက်လာကြပြီ။ ချူးလီလီသည် အထဲကို အနံ့ခံကြည့်လိုက်ပြီးနောက် ဝင်သွားသည်။ နှစ်လှမ်းလောက်လှမ်းပြီးသည့်အခါ အပေါက်ဝတွင် ရပ်ကျန်ခဲ့သည့် ကျွင်းကျွင်းအား ပြန်လှည့်ကြည့်ကာ

"အာ ယာ"
'ဝင်ခဲ့လေ'

ကျွင်းကျွင်းသည် တုံတုံကို ချီထားကာ ပျက်စီးနေသည့် ဟိုတယ်အဝကို ကြည့်လိုက်ပြီးနောက် သူမ၏သားကို ငုံ့ကြည့်လိုက်သည်။ ဒီဟိုတယ်ထဲတွင် လူသားများရှိနေသောကြောင့် သူမသည် ရုတ်တရက်ကြီး လူသားများအနားသို့ မသွားချင်တော့ပေ။ လူတွေကဝိုင်းနေကာ သူမကိုကြည့်နေမည်ကို တွေးရုံဖြင့် သူမအဆင်မပြေဖြစ်လာသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now