177

1.5K 298 8
                                    

၁၇၇။ လှောင်ချိုင့်ကြီးလုပ်

မေးခွန်းမျိုးစုံပြည့်နေသည့် ရှဲ့တုန်းသည် တံခါးနားသို့ကပ်ကာ လင်းချင်းပြန်ထွက်အလာကို စောင့်နေရင်းအတွေးများနေသည်။

လင်းဝမ်ဝမ်သည် ရှဲ့တုန်းကို စပ်စုစွာဖြင့် တစ်ချက်ကြည့်ပြီးနောက် တံခါးကိုပိတ်လိုက်သည်။ လင်းချင်းသည် လင်းဝမ်ဝမ်အား ဆန်းကျယ်သည့် အပြုံးဖွဖွဖြင့် ပြုံးပြကာ လုံချင်းယင်နားသို့ သွားလိုက်သည်။ ထို့နောက် သင်ပုန်းကိုထုတ်လိုက်ကာ ရေးပြလိုက်သည်။

'သံလှောင်ချိုင့်ကြီးတစ်ခုလောက် လုပ်ပေးစေချင်တယ်'

"သံလှောင်ချိုင့်လား? ဘာဖြစ်လို့လိုတာလဲ? တစ်ခုခုကို လှောင်ထားဖို့ လိုလို့လား?"
လင်းဝမ်ဝမ်သည် လင်းချင်း၏ လက်ရေးကို ခနကြည့်ပြီးသည့်နောက် မေးသည်။

"သံလှောင်ချိုင့်ကြီးလား?"
လုံချင်းယင်သည်လည်း လင်းချင်းကို ကြည့်ကာမေးသည်။

"ဘယ်လိုသံလှောင်ချိုင့်မျိုးလဲ? ဘယ်လောက်ကြီးစေချင်တာလဲ?"

'နှစ်မီတာအမြင့်နဲ့ ငါးမီတာလောက်ရှည်ပြီးတော့ သုံးမီတာကျယ်တာမျိုး။ အောက်ခြေတော့မလိုဘူး'
လင်းချင်းက ရေးပြသည်။

လုံချင်းယင်သည် လင်းဝမ်ဝမ်ကို တစ်ချက်ကြည့်ပြီးမှ
"ဒီလောက်ကြီးတာလား? ဘာကိုထိန်းထားဖို့လဲ?"

"အောက်ခြေလည်းမပါဘူးမလား? ဒါဆိုရင် သံအဖုံးအကြီးကြီးလိုပေါ့။ ဟုတ်တယ်မလား?"

လင်းချင်းသည် သူမရေးထားသည်များကို ဖျက်ပြီးနောက် ဆက်ရေးပြသည်။
'လိပ်ကြီးတွေ'

လင်းဝမ်ဝမ်နှင့်လုံချင်းယင်တို့သည် ပိုစိတ်ရှုပ်သွားကြသည်။ ဘယ်လိုလိပ်မျိုးမလို့ ဒီလောက်ကြီးတဲ့လှောင်ချိုင့်လိုတာလဲ? လိပ်တွေက ဘယ်လောက်ကြီးနေလို့လဲ? ဇွန်ဘီက ဒီလိပ်တွေကို ဘာဖြစ်လို့ ဖမ်းတာလဲ? ပြီးတော့ ဘာဖြစ်လို့ လှောင်ချိုင့်ထဲထည့်မှာလဲ?

လင်းချင်းသည် သူတို့မေးခွန်းများကို ဖြေမနေဘဲ စာထပ်ရေးမေးသည်။
'ကူညီနိုင်လား?'

လုံချင်းယင်သည် အမှုအယာကင်းမဲ့စွာဖြင့် ခေါင်းငြိမ့်ပြကာ
"ပြဿနာမရှိပါဘူး ဒါပင်မယ့် နင်လိုချင်တဲ့လှောင်ချိုင့်က ကြီးလွန်းတယ်။ အဲ့ဒါကြောင့် ဒီအဆောက်အဦးရဲ့အပြင်ကို ထွက်လုပ်ပေးမှာ ရလောက်မယ်"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now