54

2.5K 483 3
                                    

၅၄။ နောက်လိုက်လေး

သူမစာကိုဖတ်ပြီးသည့်အခါ ရှဲ့တုန်းသည် နားလည်သွားသည်။ ထို့နောက် မြက်ခင်းပြင်၏ အဝေးမှာ ယုန်လေးတစ်ကောင်ကိုပိုက်ထားရင်း လင်းချင်းနှင့်သူ့ကို ကြည့်နေသည့် ဝူယွဲ့လင်းအား ကြည့်လိုက်သည်။ ထို့နောက် သူသည် သူ့နယ်မြေလေးထဲသို့ ရှောင်ပေးလိုက်သည်။

လင်းချင်းသည် အပြင်အခြေအနေကို ကြည့်နေရင်းဖြင့်သာ အချိန်ဖြုန်နေသည်။ အဆင့်ငါးဇွန်ဘီသည် အလျှော့ပေးပုံမရဘဲ ဆက်စောင့်ကာ ရှာနေခြင်းကို ကြည့်နေသည်။ ထို့ကြောင့် သူမလည်း အချိန်တစ်ခုလောက် အပြင်ကိုမထွက်ဖို့ ဆုံးဖြတ်လိုက်သည်။ အခြေအနေကို နားလည်သည့်အခါ သူမသည် ဝူယွဲ့လင်းဆီသို့ လျှောက်သွားလိုက်သည်။

ဘယ်အချိန်ကမှန်း ဘယ်သူမှမသိကြသော်လည်း ယုန်လေးသည် ဝူယွဲ့လင်းနှင့် အတောင်ခင်မင်နေပြီ ဖြစ်သည်။ သို့သော်လည်း ဝူယွဲ့လင်းကိုသာ ယုန်လေးက အကပ်ခံခြင်းဖြစ်သည်။ လင်းချင်းလာသည့်အခါ ချက်ချင်းပင် ထွက်ပြေးသည်။ အခုလိုမျိုးပင်။

ဝူယွဲ့လင်းသည် ယုန်လေးပြေးသွားသည်ကိုကြည့်ရင်း စိတ်ထဲမထားပေ။ သူမသည် ရှက်တက်ကာ အလွန်ငြိမ်သည့်ကလေးဖြစ်သည်။ သူမသည် လင်းချင်း၏ နယ်မြေထဲတွင် အကြာကြီးနေရသော်လည်း အော်ဟစ်နေခြင်း ငိုယိုခြင်းမျိုး မရှိပေ။ လင်းချင်းကိုလည်း သူမအား အပြင်သို့ထုတ်ပေးဖို့ မတောင်းဆိုပေ။ လင်းချင်းကို အစကကြောက်သော်လည်း အခုတော့ မကြောက်တော့ပေ။ ဒီနယ်မြေထဲတွင် နေရသည်ကို ကလေးမလေးသည် သက်သောင့်သက်သာရှိနေပုံတောင် ရသေးသည်။

'သူ့အဖေကို မလွမ်းဘူးလား?'
လင်းချင်းသည် တွေးမိသည်။
'အစကတော့ စိတ်ထဲကနေ သူ့အဖေကိုတနေတာမျိုး ငါကြားမိသေးတယ်'

လင်းချင်းသည် ဒီကလေးမလေးတွင် သဘောထားပြည့်ဝသည့် နှလုံးသားရှိသည်ဟု ခံစားမိသည်။ သူမသည် သူ့အဖေကို ထပ်မတွေ့ရတာမျိုး ဖြစ်လောက်သော်လည်း စိုးရိမ်နေခြင်းမျိုး မရှိပေ။ အခြားကလေးများသာ ဒီလိုအခြေအနေမျိုး ကြုံတွေ့ရပါက သူတို့မိသားစုကို ရှာချင်နေမှာ ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now