2

4K 574 8
                                    

Unicode Ver

၂။ ဇွန်ဘီအဖြစ် ရှင်လာတယ်

ထူးဆန်းသည့် ပတ်ဝန်းကျင်က လင်းချင်းအား လှောင်ပြောင်နေသလိုပင်။ သုမသည် စိတ်ရှုပ်စွာဖြင့် ချာချာလည်ကြည််နေမိသည်။
'ငါအိပ်မက်မက်နေတာပဲနေမှာ။ အိပ်မက်မက်နေတာပဲ ဖြစ်မယ်'

သူမသည် ဗိုက်အပေါက်ကြီးကို ငုံ့ကြည့်လိုက်ပြန်သည်။

'ဗိုက်ကြီးက ဒီလိုပေါက်နေတာတောင် ငါအသိရှိသေးတယ်လား? ပြီးတော့ ခုနက ငါ့ဆီက ဘာသံကြီး ထွက်သွားတာလဲ?'

သူမသည် ရူးတော့မလို ခံစားနေရသည်။ သူမဖျားနေသောကြောင့် ဆေးသောက်ကာ အိပ်လိုက်ခြင်းကို မှတ်မိသေးသည်။ နိုးလာတော့ ကမ္ဘာကြီးက ဒီလိုဖြစ်နေပြီ။
'ဟုတ်တယ် အိပ်မက်မက်နေတာပဲ ဖြစ်မှာ။ အိပ်မက်ပါပဲ'

လင်းချင်းသည် သူမကိုယ်သူမ ပြန်နှစ်သိမ့်နေသည်။
'ဆေးသောက်ပြီး အိပ်ပျော်နေတာက မနိုးသေးတာပဲ ဖြစ်မှာပါ။ မဟုတ်ရင် ဒီလိုဖြစ်နေတာတောင် ငါကဘာမှမခံစားရဘဲ ဘယ်နေမလဲ?'

ထိုအချိန်တွင်ပဲ ခေါင်းကကိုက်လာကာ သူမနှင့်မရင်းနှီးသည့် မှတ်ညဏ်တွေက ထွက်လာတော့သည်။ ခေါင်းမှာ ပေါက်ထွက်မတက် ကိုက်ခဲလာကာ မျက်နှာသည် ရှုံ့တွသွားပြီး သူမအော်ဟစ်လိုက်သည်။
"ဂါးးးးး!"

ထို့နောက်တွင်တော့ မြေကြီးပေါ်သို့ သူမလဲကျသွားတော့သည်။

ထိုမှတ်ညဏ်ထဲတွင် သာမန်ချစ်ဖို့ကောင်းသည့် ကလေးသေးသေးလေးမှ  အမျိုးသမီးတစ်ယောက် ဖြစ်သွားသည်။ ထိုအမျိုးသမီး၏ မူကြိုမှ တက္ကသိုလ်တက်သည့်အထိ မှတ်ညဏ်တွေကို သူမရလိုက်သည်။ ထိုအမျိုးသမီးသည် လုထန်ယုဖြစ်ကာ သူမသည် စိတ်ကူးယဥ်ခဲ့သည့် တက္ကသိုလ်သို့ တက်ခွင့်ရသည်။ သို့သော်လည်း တက္ကသိုလ်စတက်သည့်နေ့တွင် ကမ္ဘာကြီးက ပြောင်းလဲသွားသည်။

အတန်းထဲတွင် သူမကိုယ်သူမ မိတ်ဆက်တော့သည့်အခါ လူတိုင်းက သူမအား စိတ်ဝင်စားစွာ ငေးနေကြသည်။ သို့သော်လည်း ခုံပေါ်တွင် မလှုပ်မယှက် မှောက်အိပ်နေသည့် မိန်းကလေးတစ်ယောက်ရှိနေသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now