109

2.1K 413 5
                                    

၁၀၉။ ဘယ်သူက ခေါင်းဆောင်လဲ?

တူယွမ်ရှင်းတို့အဖွဲ့နှင့် တစ်မိုင်လောက်အကွာတွင် ကားတစ်စီးသည် ရပ်သွားသည်။ ကားထဲက ဘယ်သူမှထွက်မလာသော်လည်း ကားထဲကလူများသည် စကားပြောစက်မှတစ်ဆင့် ပြောနေကြသည်။

"သူတို့ဘာလုပ်နေလဲဆိုတာကို သွားကြည့်။ ပုန်းဖို့မမေ့နဲ့။ ငါတို့လာလို့ ရန်သူက ပြေးသွားတာမျိုး မဖြစ်စေနဲ့"

"သွားကြစို့"

"ဟုတ်ကဲ့!"

ထိုအချိန်တွင် လင်းချင်းခေါ်လာသည့် ဟိုတယ်ခန်းထဲမှ တူယွမ်ရှင်းတို့အဖွဲ့ကတော့ ရန်သူများ တိတ်တဆိတ်လာနေသည်ကို မသိကြချေ။ သူတို့၏အဖွဲ့သားများ နိုးလာဖို့ကိုသာ စောင့်နေသည်။

မကြာခင်တွင် ရုပ်ဖျက်ထားသည့် တပ်သားများသည် သေနတ်များကိုကိုင်ကာ သာမန်ဇွန်ဘီများကို ရှောင်ရင်းချဉ်းကပ်လာသည်။ သူတို့သည် ရှောင်မရသည့် ဇွန်ဘီများကိုတော့ ခေါင်းထဲကို ကျည်သွင်းပေးလိုက်သည်။ မကြာခင်တွင် လမ်းပေါ်မှာ ဇွန်ဘီအလောင်းများပုံလာသည်။ တူယွမ်ရှင်းတို့အား လင်းချင်းကယ်သည့်နေရာသို့ ရောက်လာသည့်အခါ ပတ်ဝန်းကျင်မှ ဇွန်ဘီအလောင်းများနှင့် လက်သည်းတစ်ချက်ဖြင့်ထိုးကာ သတ်လိုက်သည့် ခေါင်းကြီးဇွန်ဘီအလောင်းကို တွေ့သွားကြသည်။

"ဒါအဆင့်လေးဇွန်ဘီပဲ"
အဖွဲ့ခေါင်းဆောင်သည် ခေါင်းကြီးဇွန်ဘီကို ညွှန်ပြကာ ပြောသည်။

"ဘယ်လိုလုပ်သိတာလဲ?"
သူ့ဘေးက တပ်သားတစ်ယောက်က သိချင်စိတ်ဖြင့် မေးသည်။

"အဆင့်မြင့် စိတ်စွမ်းအားဇွန်ဘီတွေအကုန်လုံးက အရပ်ပုပြီး ခေါင်းကြီးတယ်လို့ ကြားဖူးတယ်။ ဒီအလောင်းကိုကြည့်လေ။ ဇွန်ဘီနှစ်ကောင်ပေါင်းထားသလိုပဲ။ ဒီလိုဇွန်ဘီမျိုးက မသွက်လို့ သူတို့က ပစ်မှတ်ကို အဝေးကနေပဲ တိုက်ခိုက်ပြီးတော့ ပေါ်လာတာနဲ့ သေအောင်ကိုက်စားပစ်တယ်လို့ ကြားဖူးတယ်။ ဒါပင်မယ့် စိတ်စွမ်းအားဇွန်ဘီက ရှားပါးတော့ အမြူတေကလည်း တန်ဖိုးကြီးတယ်"

"တူယွမ်ရှင်းနဲ့ သူ့လူတွေ သတ်လိုက်တာလား? ဟမ်? သူတို့ပစ်မှတ်က လေစွမ်းအားဇွန်ဘီမလား? ဘယ်လိုဖြစ်ပြီး စိတ်စွမ်းအားဇွန်ဘီ ဖြစ်သွားတာလဲ?"

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now