131

1.9K 352 13
                                    

၁၃၁။ ဒဏ်ရာရနေတဲ့လင်းဖန်

“မဖြစ်နိုင်ဘူး! လက်မခံနိုင်ဘူး!  ဘယ်လိုလုပ်ပြီး. . .ငါတို့ကို သူကလိမ်ရတာလဲ! ပိုဆိုးတာက ချင်းကို သူလိမ်တာပဲ!”
အမျိုးသမီးလင်းသည် အသက်ငါးဆယ်ကျော်နေပြီဖြစ်သော်လည်း လှနေဆဲပင်။ သူမ၏မျက်လုံးများသည် အခုနီရဲနေသည်။ သူမသည် မျက်ရည်များကိုသုတ်ရင်း သူ့သားကို ဝမ်းနည်းစွာကြည့်ကာ ယန်ကျင်းဟွာကို အံကြိတ်ရင်းကျိန်ဆဲနေသည်။

လင်းဝမ်ဝမ်သည် တည်ငြိမ်နေဆဲဖြစ်သည်။ သူမသည် သက်ပြင်းချကာ
“ဒါပင်မယ့် မကြီးက ဒါကိုမသိလောက်ဘူး! ဒါကလည်း ပိုကောင်းပါတယ်။ မဟုတ်ရင် ဘယ်လောက်တောင် ဝမ်းနည်းသွားမလဲ မသိဘူး”

“ဟုတ်တယ်! ချင်းမသိတာ တကယ်တော်သေးတယ်။ မဟုတ်ရင် သူက. . .”
အမျိုးသမီးလင်းသည် ရှိုက်ငိုနေပြန်သည်။

“ငါ. . . ငါကရတယ်. . .ငါ့ကိုစိတ်မပူနဲ့. . .”
လင်းဖန်က ပြောသည်။ သွေးတစ်ပွက်အန်ပြီးသည့်အခါ သူတကယ်ပဲ အနည်းငယ် သက်သာသွားသည်။

သူပြောပြီးသည့်အခါ သူ့ဘေးတွင် သတိအပြည့်ဖြင့် ရပ်နေသည့် လင်းဟောင်က အမူအယာပြောင်းသွားကာ
“သူတို့ရောက်လာပြီ!”
သူသည် ရက်စက်စွာဖြင့်
“ငါတို့ဒီမှာ နေမရတော့ဘူး! အခုသွားရအောင်!”

သူပြောပြီးသည့်အခါ ကျန်သည့်သူများကလည်း စိုးရိမ်လာကြသည်။ သူသည် လင်းဖန်ကို ကျောပိုးရန် ထိုင်ချပေးလိုက်ကာ လင်းဝမ်ဝမ်နှင့် ချန်းဝမ်ယွဲ့တို့က ကူညီ၍ တင်ပေးကြသည်။ အမျိုးသမီးလင်းသည် လင်းရှောင်လုကို ပွေ့ချီလိုက်ကာ ကျန်သည့်သူများနောက်မှ လိုက်သည်။

ရှေ့ဆုံးတွင်တော့ သူတို့တပ်သားငါးယောက်သည် သူတို့မိသားစုကို ကာကွယ်ဖို့ ထွက်သွားသည်။ သာမန်ဇွန်ဘီများကို ရှင်းပြီးသည့်အခါ လင်းဟောင်နှင့် အခြားသူများကို  ထွက်လာဖို့ အချက်ပြလိုက်သည်။ ထိုနောက် သူတို့သည် အမြန်ထွက်ကြသည်။ သို့သော်လည်း သူတို့အဝေးသို့ မရောက်ခင်တွင် စစ်ကားအကြီးတစ်စီးသည် သူတို့လမ်းကို ပိတ်လိုက်သည်။

ကားထဲရှိလက်နက်များက သူတို့ကို ချိန်ထားသဖြင့် မလှုပ်ရဲကြတော့ပေ။ ဒီကားကို မြင်သည့်အခါ သူတို့သည် စိတ်ဆင်းရဲမသွားကြဘဲ ဒေါသနှင့် အမုန်းများသာ တိုးလာသည်။ သတ်ချင်ဖြတ်ချင်စိတ်များသည် သူတို့ကိုယ်ထဲမှ ပြင်းပြစွာ ထွက်လာသည်။ သူတို့သည် ကားကိုကြည့်နေကာ ဗုံးဖြင့်ဖောက်ပစ်ချင်နေကြသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now