103

2K 471 12
                                    

၁၀၃။ ဇွန်ဘီလား? လူလား?

လင်းချင်းသည် ပတ်ဝန်းကျင်တွင် ရှာသော်လည်း ချူးလီလီကို ရှာမတွေ့ပေ။ နောက်မှ သူမသည် လူသားများကို ကြောက်သည်ကို သတိရသွားသည်။ ထို့ကြောင့် သူမသည် တစ်နေရာရာတွင် ပုန်းနေလောက်သည်ကို တွေးမိသွားသည်။

'ဒါဆိုရင် ဒီဇွန်ဘီအုပ်ကြီးကို ဘယ်သူခေါ်ထားတာလဲ?'
သူမတွေးနေမိသည်။ သူမက မလှုပ်သလို ကားထဲကလူများကလည်း ဘာမှမလုပ်ရဲကြပေ။ သူတို့အား စိတ်ဖြင့်တိုက်ခိုက်ဦးမှာကို ကြောက်ရွံ့နေကြတာ ဖြစ်သည်။ ထို့ကြောင့် တိုက်ပွဲသည် ခနရပ်တန့်သွားသည်။

ကားထဲကလူများသည် သတိအပြည့်ထားနေချိန်မှာ လင်းချင်းသည် ချူးလီလီကို ရှာနေသည်။ သို့သော်လည်း ချူးလီလီဘယ်ရောက်နေသလဲကို အာရုံမခံနိုင်သော်လည်း အခြားသန်မာကာ ယုတ်မာပြီး သွေးဆာနေသည့် ဇွန်ဘီကိုတော့ အာရုံခံမိသည်။ ဒီဇွန်ဘီသည် ကောင်းပုံမရပေ။

ဒီဇွန်ဘီအုပ်ကို ချူးလီလီက ခေါ်ထားသည်ဟု သူမထင်သော်လည်း အခုသူမကို ရှာမရသည့်အခါ သူမ၏အထင်မှာ မှားပြီဖြစ်ကြောင်း သိလိုက်သည်။ ချူးလီလီနှင့် တွေ့စတည်းက သူမဆီမှ မကောင်းသည့် အရှိန်အဝါကို မရပေ။ ချူးလီလီသည် သူမလိုပင် သွေးဆာကာ ရန်လိုခြင်းမရှိသည့် သန့်စင်သည်။ ထို့ကြောင့် အခုတော့ ချူးလီလီသည် လူသားများကို ထိခိုက်အောင်လုပ်မှာ မဟုတ်ဘူးဆိုသည်ကို ယုံသွားသည်။ ထို့အပြင် ချူးလီလီသည် အခုလည်း အစရှာမရအောင် ပျောက်နေသည်။

ယုတ်မာသည့် ဇွန်ဘီ၏ အရှိန်အဝါကြောင့် အခုဘာဖြစ်နေသလဲ ဆိုသည်ကို သူမမှန်းရသွားသည်။ ဒီလူများက ဘာကြောင့်လာသလဲ မသိသော်လည်း ယုတ်မာသည့် ဇွန်ဘီကတော့ သူတို့နောက်ကို လိုက်လာခြင်းပင်။ ဒီနေရာကို ရောက်သည့်အခါ လေစွမ်းအားဇွန်ဘီက မရှိကြောင်းသိသွားသဖြင့် ဒီလူများကို တားနေခြင်း ဖြစ်လိမ့်မည်။ လင်းချင်းသည် ဒီဇွန်ဘီ၏ လူသားများအပေါ် ပြင်းထန်သည့်ဆန္ဒကို အာရုံခံမိသည်။ အကုန်လုံးကိုသူစားချင်နေတာ ဖြစ်သည်။

လင်းချင်းသည် လုံချင်းယင်တို့အဖွဲ့ကို ပြန်ကြည့်လိုက်သည်။ သူမပြန်ကြည့်သည့်အခါ သူတို့သည် ထူးဆန်းသည်ကို သတိထားမိသွားသည်။ သူတို့ရှေ့က ဇွန်ဘီသည် သူတို့ကို တိုက်ခိုက်ချင်သလိုရော သတိထားနေတာရော မရှိပေ။ ထို့အပြင် ဒီဇွန်ဘီသည် သူတို့အား အရေးမလုပ်သလိုမျိုး သက်သောင့်သက်သာရပ်နေတာ ဖြစ်သည်။ ဇွန်ဘီ၏ မျက်လုံးထဲတွင် သူတို့က ရှိတောင်မရှိပေ။ တူယွမ်ရှင်းနှင့် သူ့အသင်းဖော်များသည် လင်းချင်းကို ခေါင်းအစခြေအဆုံးကြည့်ကာ တွေဝေလာသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now