161

1.8K 352 12
                                    

၁၆၁။ နာနာကိုက်

အမိုးပေါ်ကို လှမ်းအားရုံစိုက်နေသည့် လင်းချင်းသည် သူမ၏အရှေ့က အဆင့်ငါးဇွန်ဘီကို အာရုံမရှိတော့ပေ။

"ဂါး!"

လင်းချင်း၏ ဂရုမစိုက်သည့် အပြုအမှုကြောင့် ဇွန်ဘီခေါင်းဆောင်သည် မကျေမနပ်ဖြစ်သွားကာ လင်းချင်းကို ထပ်အော်သည်။

လင်းချင်းကတော့ သူ့အားအေးစက်စွာဖြင့် ကြည့်လိုက်ကာ စိတ်ထဲတွင် အထင်သေးနေမိသည်။

'နင်က တော်ကြာသေတော့မှာမလို့ ငါအော်ခွင့်ပြုလိုက်ပါ့မယ်'

ဒီအတွေးဖြင့် သူမသည် သွားများကိုဖြဲပြကာ ပြန်အော်လိုက်ပြီးလိုက် ဇွန်ဘီခေါင်းဆောင်ကို ချက်ချင်းတိုက်ခိုက်သည်။

လင်းချင်း၏ အထင်သေးသည့်အော်သံကြောင့် ဇွန်ဘီခေါင်းဆောင်သည် ပိုဒေါသထွက်လာသည်။ ထို့ကြောင့် တွေးတောင်မနေဘဲ လင်းချင်းကို ခုန်အုပ်သည်။ လင်းချင်းသည် ရှောင်လိုက်ကာ လက်သည်းများကို ထုတ်လိုက်ပြီးသည်။ အယောင်ပြလှုပ်ရှားပြီးနောက်မှ ကိုယ်ကိုလှည့်လိုက်ကာ ပြင်းထန်စွာ တိုက်ခိုက်လေသည်။

ဇွန်ဘီခေါင်းဆောင်သည် လင်းချင်းကို သူတိုက်ခိုက်နိုင်ပြီ ထင်သွားသော်လည်း အံ့သြဖို့ကောင်းစွာ သူမကဘေးကိုရှောင်သွားသဖြင့် သူမ၏ကိုယ်အား သူ့သံလက်သည်းများဖြင့် မထိမိတော့ပေ။

ထို့နောက် သူမသည် သူ့အရှေ့တည့်တည့်သို့ ရောက်လာချိန်တွင်တော့ အသက်အန္တရာယ်ကို ခြိမ်းခြောက်ခံလိုက်ရသလို သူခံစားလိုက်ရသည်။ သို့သော်လည်း ရှောင်ရှားဖို့ နောက်ကျသွားလေပြီ။ လင်းချင်းက ဒီအခွင့်အရေးကို ကိုင်ဆုပ်ကာ သူမ၏လက်သည်းများဖြင့် ဇွန်ဘီခေါင်းဆောင်ကို တိုက်ခိုက်လိုက်ပြီ။ ဇွန်ဘီခေါင်းဆောင်သည် လင်းချင်း၏ လက်သည်းများကို မစိုးရိမ်သော်လည်း အဘယ့်ကြောင့် အန္တရာယ်ကို ခံစားရမှန်း သူနားမလည်ပေ။

လင်းချင်းက လက်သည်းများကို ယမ်းလိုက်သည့်အခါ မြူခိုးနက်များက လေဓားများ နှင့်အတူ ထွက်ပေါ်လာသည်။ ဇွန်ဘီခေါင်းဆောင်သည် မြူခိုးနက်များနှင့် ထိလိုက်သည်နှင့် အနောက်သို့ ချက်ချင်းဆုတ်လိုက်သည်။ ထို့နောက် လင်းချင်းအား ဒေါသထွက်နေသည့် ကြောင်တစ်ကောင်လို စူးရှလွန်းသည့် အသံကြီးဖြင့် သွားဖြဲကာ အော်တော့သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now