158

1.8K 354 7
                                    

၁၅၈။ အအေးခန်းတွေ့ခြင်း

နေစွမ်းအင်သုံးစက်ပစ္စည်းများသည် ကမ္ဘာပျက်ခေတ်တွင် အရမ်းအရေးပါသည်။ ကမ္ဘာပျက်သွားသည့်နောက် လျှပ်စစ်မရှိတော့ကာ ရေလည်းမလာတော့ပေ။ သို့သော်လည်း နေစွမ်းအင်သုံးပစ္စည်းများက လူသားများကို လျှပ်စစ်သုံးနိုင်စေသည်။ ထို့ကြောင့် နေစွမ်းအင်သုံးပစ္စည်းများသည် စခန်းတိုင်းတွင် အရမ်းကို တန်ဖိုးကြီးတာဖြစ်သည်။

ဇွန်ဘီအမဲလိုက်အဖွဲ့သာ နေစွမ်းအင်သုံးပစ္စည်းတစ်ခုခုဖြင့် စခန်းသို့ ပြန်လာနိုင်ပါက သူတို့အဖွဲ့သည် အလွန့်ကို ကောင်းမွန်စွာ ဆက်ဆံခံရမည် ဖြစ်သည်။ သေချာပေါက်ကို ထိုပစ္စည်းကို သူတို့သိမ်းထားကာ အသုံးပြုနိုင်မှာ ဖြစ်သည်။

ရှင်းလော့က နေစွမ်းအားသုံးပစ္စည်းကို တွေ့သည်ပြောသည့်အခါ အခန်းထဲကလူတိုင်း၏ မျက်လုံးများသည် တောက်ပကုန်ကြသည်။

"အလုပ်လုပ်သေးလား?"
လင်းဖန်သည် ခုံကနေအရင်ထကာ အံ့သြစွာဖြင့် မေးသည်။

"အလုပ်လုပ်သေးတယ်"
ရှင်းလော့က ဖြေသည်။

"အအေးခန်း ဒါမှမဟုတ် ရေခဲခန်းရော တွေ့သေးလား?"
လင်းဖန်းက မေးသည်။

"မတွေ့သေးဘူး. . ."
ရှင်းလော့သည် ခေါင်းခါကာ ပြောသည်။ သူ့စကားကို ကြားသည့်အခါ အခြားသူများသည် အနည်းငယ်စိတ်ပျက်ကုန်ကြသည်။

သူတို့သည် အစာကုန်တော့မှာ ဖြစ်သည်။ လင်းဝမ်ဝမ်၏ နယ်မြေထဲတွင် သိုလှောင်ထားတာများရှိသော်လည်း ထိုအရာများက လဝက်တောင်ခံမှာ မဟုတ်တော့ပေ။ အရင်လများက ယန်ကျင်းဟွာကို ရှောင်ကာ ပင်လယ်မြို့တော်စခန်းကို သွားနေရသဖြင့် အချိန်ပိုကုန်ကာ အစာလည်း ပိုကုန်ခဲ့သည်။ ထို့ကြောင့် အစာအချို့ရရန် ပင်လယ်မြို့တော်စခန်းကို အမြန်သွားရန် လိုအပ်နေသည်။

သူတို့သည် ဇွန်ဘီပိုးက ၉၀ရာခိုင်နှုန်းလောက် ကူးထားသော အပင်များကို မစားရဲပေ။ ထို့ကြောင့် သူတို့သည် အရင်ခေတ်က ကျန်ခဲ့သည် အခြောက်ခံအစားအသောက်များနှင့် ခဲထားသည့်အစားအသောက်များသာ အဓိကရှာဖွေရသည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now