63

2.4K 483 9
                                    

၆၃။ ရေကန်အောက်ခြေတွင် ဖြစ်ပွားခဲ့သည့် ထူးဆန်းသည့်အရာ

အစိမ်းရောင်အလင်းက ဘာလဲဆိုသည်ကို သူမမသိခင်မှာပဲ သူမ၏ခြေထောက်များကို တစ်စုံတစ်ခုက ရစ်ပတ်ထားကာ ညှစ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်အား ပြန်ထိန်းချုပ်လို့ရနေပြီဖြစ်ကြောင်းလည်း သိလိုက်ရသည်။ သို့သော်လည်း သူမတုံ့ပြန်လို့မရခင်တွင် သူမ၏ခြေထောက်များကို ရစ်ပတ်ထားသည့်အရာက လျှင်မြန်စွာ သူမ၏ကိုယ်ကို ရစ်ခွေလာသည်။

သူမသည် ငုံကြည့်လိုက်သည့်အခါ ကြောင်အသွားတော့သည်။ သူမမြင်လိုက်ရသည်မှာ တောက်ပနေသည့် အစိမ်းရောင်အလင်းတန်းနွယ်များသည် မြွေတစ်ကောင်လို သူမ၏ခြေထောက်နှင့် ခါးတို့ကို ရစ်ခွေထားခြင်း ဖြစ်သည်။

'ဒါတွေက ဘာတွေလဲ!'
သူမသည် စိတ်ထဲတွင် အော်ဟစ်နေမိသည်။

သူမသည် ထိုအရာများကို ကြည့်လိုက်သည့်အခါ သူမ၏ခေါင်းမှ ဦးရေပြားတောင် ထုံကျဉ်သွားသည်။ သူမသည် ရုန်းသော်လည်း မရပေ။ ထိုအရာများက သူမအားတင်းကြပ်စွာ ရစ်ပတ်ထားသည်မှာ ကြောက်ဖို့ကောင်းသော်လည်း ထူးဆန်းစွာဖြင့် သူမသည် လွတ်ထွက်အောင် လုပ်လို့မရပေ။ သူမသည် ဆွဲခွာကြည့်သည်။ ထိုနွယ်များသည် နူးညံ့ချောမွေ့နေကာ ကျုံ့ရဆွဲရလွယ်သည်။ သူမအား ရစ်ပတ်မနေရန် ဆွဲခွာသော်လည်း သူမ၏လက်သည်းများဖြင့်တောင် ဖြတ်တောက်လို့မရပေ။

ထိုနွယ်များဖြင့် ပတ်ခံရခြင်းဖြင့် သက်သောင့်သက်သာမရှိတာမျိုးမဖြစ်ဘဲ ထူးဆန်းနေခြင်းသာ ဖြစ်သည်။ ထိုနွယ်များက သူမ၏အသားတွင် ကပ်နေပုံရသောကြောင့် သူမ၏အဝတ်များသည် ပျော်ကျသွားသလို ခံစားရသည်။ သူမ၏အသားများသည် ထုံကျဉ်ပြီးယားလို့နေသည်။

'ငါခံစားလို့ရတယ်! ဇွန်ဘီဖြစ်နေတာကို ငါကထုံကျဉ်ပြီး ယားနေတာကို ခံစားလို့ရနေတယ်! ဘယ်လိုဖြစ်တာလဲ? ဒီနွယ်တွေက ဘာတွေလဲဟ?'

သူမမဖြေနိုင်ခင်တွင် ထိုနွယ်များသည် သူမ၏ရင်ဘတ်နှင့် လည်ပင်းအထိသို့ရောက်လာပြီးနောက် ထို့နောက် သူမ၏ခေါင်းကိုပါ ရစ်ပတ်ပစ်လိုက်တော့သည်။ သူမ၏မျက်လုံးတစ်စုံကိုသာ မပတ်ဘဲ ချန်ခဲ့တာ ဖြစ်သည်။

ဗျူဟာခင်းတဲ့ အမကြီးဇွန်ဘီ (Myanmar Translation)Where stories live. Discover now